DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီ ၄၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆန္ဒအလျောက် ထွက်ခွာ
DVB
·
December 19, 2017
ဘင်္ဂါလီ ၄၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆန္ဒအလျောက် ထွက်ခွာ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ခုရက်ပိုင်းအတွင်း ဘင်္ဂါလီ ၄၀၀ ကျော်လောက်  နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာသွားတယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ၂နာရီလောက်က မောင်တောမြို့နယ်၊ ဂေါ်ဒူသာရ ချောင်းဝ ပင်လယ်ကမ်းခြေမှာ ရောက်ရှိနေတဲ့  နေရပ်စွန့်ခွာဘင်္ဂါလီ ၇၀၀ ကျော်ထဲက  ကျား၁၉၀ဦး၊ မ ၁၂၃ဦး စုစုပေါင်း ၃၁၃ ဦးတို့ဟာ စက်လှေ ၆ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၅ရက်နဲ့ ၁၆ ရက်ကလည်း  အဆိုပါနေရာကနေ  နေရပ်စွန့်ခွာ ဘင်္ဂါလီ ၁၀၀ ဦး လှေတွေနဲ့ ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ပညောင်ပင်ကြီးကျေးရွာနဲ့ နယ်စပ်ခြံစည်းရိုးကြားမှာ ဘူးသီးတောင်မြို့နယ် ကျေးရွာတွေက ဘင်္ဂါလီ ၆၈၇ ဦး(ကျား ၃၁၇၊ မ ၃၇၀)တို့ဟာ နေရပ် စွန့်ခွာရောက်ရှိလာခဲ့လို့ တာဝန်ရှိသူတွေက မေးမြန်းရာ အနေအထိုင် အစားအသောက်နဲ့ အလုပ်အကိုင်တွေ အခက်အခဲရှိလို့ ၎င်းတို့ သဘောဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတာလို့ဖြေကြားခဲ့ကြောင်းသိရပါတယ်။

၂၀၁၇ သြဂုတ်လ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို လူပေါင်း ၆သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးသွား တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပေမယ့် ဒီအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013