DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 19, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၅၅,၅၀၀ ကနေ ငွေကျပ် ၅၇,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးမှာတော့ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ အိတ်ကို ငွေကျပ် ၃၅,၉၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၃,၅၀၀ ကျပ်ကနေ ၃၄,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၃၀၀ ကျပ်ကနေ ၁၉၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ ပိဿာကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ 929
မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ 929 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ အများဆုံးဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၈၄,၆၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၄၀၀ ကျပ် လောက် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့  နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အများဆုံး ဝင်ရောက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၃,၇၅၀ ကျပ်ကနေ ငွေကျပ် ၂၄,၈၅၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးမှာတော့ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ၁ အိတ်ကို ၂၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013