DVB Logo
Home
မြန်မာသတင်း
အင်းဒင်ကျေးရွာသုသာန်၌  ရုပ်အလောင်းများအား စတင်တူးဖော်
DVB
·
December 19, 2017
အင်းဒင်ကျေးရွာသုသာန်၌  ရုပ်အလောင်းများအား စတင်တူးဖော်
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ သုသာန်မှာ အမည်မသိ လူတွေကို သတ်ဖြတ် မြှုပ်နှံထားတာ တွေ့ရှိပြီးနောက် အလောင်းတွေကို သက်ဆိုင်ရာက  ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၂ နာရီလောက်က စတင်တူးဖော်နေပါတယ်။

အဆိုပါအလောင်းတွေကို မောင်တောမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်း  တူးဖော်နေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုသူတဦးက သတင်းပေးပို့ တိုင်ကြားလာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကနဦး သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာမှာ အင်းဒင်ကျေးရွာသုဿန်မှာ အမည်မသိ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့ညက ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တစုံတရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013