DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မြေပဲဆုံဆီ ထုတ်လုပ်မှုပြပွဲနှင့် ကုန်ပစ္စည်းမိတ်ဆက်
DVB
·
December 19, 2017
မုံရွာတွင် မြေပဲဆုံဆီ ထုတ်လုပ်မှုပြပွဲနှင့် ကုန်ပစ္စည်းမိတ်ဆက်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြေပဲဆုံဆီ ထုတ်လုပ်မှုပြပွဲနှင့် ကုန်ပစ္စည်းမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာလဝန်းရွှေ၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီမြေပဲဆုံဆီကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပန်းနုရောင်ဆိုင်က ထုတ်လုပ်နေတာဖြစ်ပြီး  ဒေသတွင်းထုတ်တဲ့ ဆီဆုံဟာ အရည်အသွေး ပိုသာတဲ့အတွက် နိုင်ငံခြားဆီဆုံတွေကို ယှဉ်ပြိုင်နိုင်တယ်လို့ ပန်းနုရောင် မြေပဲဆုံထုတ်လုပ်သူ ဦးလှမြင့်စိုးက ပြောပါတယ်။

“ကျနော်တို့ဆုံက တဆုံကို ကျပ်သိန်း ၂၆ လောက်ကျတယ်။ ရှေးနည်းကို မှီငြမ်းထားတာပေါ့။ ဒီလိုလုပ်လာတာတော့ ကြာပါပြီ။ ကျနော်တို့ ဆီဆုံက တဆုံကို တနာရီ ကြာတယ်။ တခါကြိတ်ရင် ၅ ပြည်ပေါ့။ မြေပဲတင်မကပါဘူး။ အခြားဆီထွက်သီးနှံ နှမ်းတို့၊ နေကြာတို့လည်း ကြိတ်လို့ရပါတယ်။ တရုတ်က လာတဲ့ ဆီဆုံတွေကို ယှဉ်နိုင်တယ်ဆိုတာက ကျနော်တို့က သဘာဝကို အခြေခံထားတာဖြစ်လို့ အနံ့မွှေးတယ်။ ပြီးတော့ ဆီစပျစ်တယ်။ အရည်အသွေး ကောင်းတယ်ပေါ့။ တရုတ်ဆုံက အချိန်မြန်တာပဲ ရှိတယ်။ ဆီနံ့ မကောင်းဘူး။ ဆီစ ကျဲတယ်။ ဆီထွက်နှုန်းကတော့ သီးနှံအပေါ် မူတာတာပေါ့။ အဲဒါတွေ ကွာတယ်။ လူကြိုက်များပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တော့ နယ်တွေကလည်း မှာနေကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ စားသုံးသူဈေးကွက်မှာတော့ သစ်ရွက်ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲဆီ၊ စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ မုန်ညင်းဆီ စတဲ့ စားဆီအမျိုးမျိုးကို ရောင်းချနေကြပြီး ဈေးအနည်းဆုံး ၁ ပိဿာကို ၃၀၀၀ ကျပ်ဝန်းကျင်ကနေ ပဲဆီအစစ်ဆိုရင် ကျပ် ၈ သောင်းအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

မသန့်ရှင်းတဲ့ ဆီတွေ စားသုံးရင်ပဲဖြစ်ဖြစ်၊ ဆီအလွန်အကျွံ စားသုံးရင်ပဲဖြစ်ဖြစ် ကင်ဆာရောဂါတွေ၊ အဝလွန်ရောဂါတွေ၊ အသည်းအဆီဖုံးရောဂါတွေ စတဲ့ ရောဂါတွေ အဖြစ်များလာပြီး သက်တမ်းစေ့ မနေရတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013