DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှ်င့် တရုတ်အထူးကိုယ်စားလှယ်တို့  တတိယပင်လုံ ကျင်းပရေးဆွေးနွေး
DVB
·
December 19, 2017
ဒေါ်အောင်ဆန်းစုကြည်နှ်င့် တရုတ်အထူးကိုယ်စားလှယ်တို့  တတိယပင်လုံ ကျင်းပရေးဆွေးနွေး
Donate to DVB

 

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းတို့ တွေ့ဆုံပြီး  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး ကျင်းပရေး ဆွေးနွေးခဲ့ကြပါတယ်

ဒီဇင်ဘာ ၁၉ ရက် ဒီမနက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စရပနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ၀ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တွေနဲ့ တရုတ်မှာ တွေ့ဆုံပြီး မြောက်ပိုင်းတပ်ဖွဲ့တွေ တတိယပင်လုံတက်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

ဒီအတောအတွင်းမှာပဲ အစိုးရငြိမ်းချမ်းရေးကော်မရှင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တွေ တရုတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း နေပြည်တော်မှာကျင်းပခဲ့တဲ့ ဒုတိယပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခုတခါ အစိုးရက တတိယပင်လုံညီလာခံကို လာမယ့် ဇန်န၀ါရီလဆန်းပိုင်း ပြုလုပ်မယ်လို့ ထုတ်ဖော်ပြောဆိုအပြီးမှာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ငြိမ်းချမ်းရေးလွန်းပျံခရီး တွေ ထပ်မံထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

ဒီတကြိမ် တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် အမေရိကန် ဒေါ်လာ တစ်သန်း ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013