DVB Logo
Home
မြန်မာသတင်း
တရုတ်ငွေကြေးမတည်ငြိမ်သဖြင့် သခွားစိုက်တောင်သူများ အရှုံးပေါ်
DVB
·
December 19, 2017
တရုတ်ငွေကြေးမတည်ငြိမ်သဖြင့် သခွားစိုက်တောင်သူများ အရှုံးပေါ်
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကျေးရွာများမှ သခွားစိုက်တောင်သူတွေဟာ မူဆယ်သို့ တင်ပို့ရောင်းချရာမှာ တရုတ်ငွေကြေးမတည်ငြိမ်တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေကြရပါတယ်။

စိုက်ပျိုးသခွားတွေကို ဒီအပတ် မူဆယ်မြို့ကို သွားရောက် ရောင်းချရာမှာ စိုက်ပျိုးစရိတ်မကာမိတဲ့အပြင် ထက်ဝက်ကျော်လောက် အရှုံးပေါ်နေရတယ်လို့ သိရပါတယ်။

ညောင်ပင်ကန်ကျေးရွာက သခွားစိုက်တောင်သူ ဦးသောင်းမြတ်ထွန်းက "ဒီကနေ မူဆယ်မြို့အရောက် ၁၀ ဘီးကား တစ်စင်းကို ငွေ ၉ သိန်းနဲ့ ၁၀ သိန်း ကြား ပေးငှားရတယ်။ ဒီကြားထဲ ဟိုရောက်တော့ တရုတ်ငွေမငြိမ်တော့ အခု ရောင်းဖို့ သိန်း ၇၀ ကျော်ဖိုး လောက်သယ်သွားတယ်။ ဟိုမှာသခွားတစ်ကီလိုကို တရုတ်ငွေ တစ်ကျပ်ခြောက်ကျော့နဲ့ ဈေးချရောင်းလိုက်ရတော့ သိန်း ၂၀ လောက်ပဲ ပြန်ရလာတယ်"လို့ ပြောပါတယ်။

အခုလို တောင်သူများနစ်နာမှုမရှိစေဖို့အတွက် မြေပြန့်က သီးနှံကုန်စည်ဒိုင်တွေလို အဖွဲ့စည်းမျိုး ဖွဲ့စည်းပေးနိုင်မယ်ဆိုရင် ပြေလည်မှုရှိစေနိုင်မယ်လို့ သခွားစိုက် တောင်သူတစ်ဦးက အခုလို ပြောပါတယ်။

"ဒီလို ဖရဲ၊ သခွားတောင်သူတွေအနေနဲ့ တရုတ်ဘက်က ဝယ်လက်တွေ ခေါင်းပုံဖြတ် မခံရအောင်တို့၊ ငွေဈေးအတက်ကျအပေါ် တောင်သူတွေနစ်နာခြင်းမရှိစေအောင်လို့ မြေပြန့် ဘက်ကလို သီးနှံကုန်စည်ဒိုင်အဖွဲ့စည်းပုံစံမျိုးလုပ်ပေးနိုင်ရင်တော့ အဆင်ပြေလိမ့်မယ် ယူဆ တယ်။ အဲလိုမှ မဟုတ်ရင် အခုလို ဆက်ဖြစ်မှာပဲ"လို့ သားရိုးကုန်းကျေးရွာက သခွားစိုက်တောင်သူ ဦးအောင်ရွှေက ပြောပါတယ်။

ဘုတလင်မြို့နယ်ရှိ   ညောင်ပင်ကန်၊ ဇီးတော၊ မြို့ပေါ်၊ သားရိုးကုန်း၊ ဆိပ်သာကန် စတဲ့ ကျေးရွာတွေမှာ အရှုံးပေါ်နေတာဖြစ်ပါတယ်။

တစ်ဧကကို သခွားပင်ပေါင်း ၇၀၀၀ ကျော်စိုက်ပျိုးကြပြီး တစ်ပင်ကို သခွားတစ်လုံးပဲ သီးကာ အပင်တစ်ပင်အတွက် စိုက်ပျိုးငွေကုန်ကျစရိတ်ကတော့ ၅၀၀ ကျပ်ကုန်ကြတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013