DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် သိမ်တောင်ဘုရားကန်အတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
December 19, 2017
ဝမ်းတွင်းတွင် သိမ်တောင်ဘုရားကန်အတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှာ ဒီဇင်ဘာ ၁၈ ရက် ညနေက သိမ်တောင်ဘုရားကန်အတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

ဝမ်းတွင်းမြို့အမှတ်(၁)ရပ်ကွက်နေ တွင်ခုံအလုပ်လုပ်တဲ့ အသက် ၅၂ နှစ်ရှိ ဦးဇော်ဝင်းဟာ သိမ်တောင်ဘုရားကန်ထဲမှာ ရေနစ်သေဆုံးပြီး ကန်ရေပြင်ပေါ် ပေါလောပေါ်နေခဲ့တာကြောင့် အလောင်းကို ရေထဲကဆယ်ယူပြီး ဝမ်းတွင်းဆေးရုံ ပို့ခဲ့တယ်လို့  တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက “ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရပါဘူး။ သေဆုံးသူဟာ အရက်ကို အလွန်အကျွံ သောက်တတ်တယ်တဲ့ ကန်ဘောင်ပေါ်မှာ အရက်သောက်ပြီး စိတ်ကူးပေါက်ပြီး ရေထဲဆင်းလိုက်တာ အရက်မူးနေတော့ ရေနစ်သွားတယ် ထင်တယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013