DVB Logo
Home
မြန်မာသတင်း
၈၈၈၈ ပါတီ ပြည်ထောင်စုရွေးကောက်ပွဲမရှင်တွင် လာရောက်မှတ်ပုံတင်
DVB
·
December 19, 2017
၈၈၈၈ ပါတီ ပြည်ထောင်စုရွေးကောက်ပွဲမရှင်တွင် လာရောက်မှတ်ပုံတင်
Donate to DVB

 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့အဖွဲ့ဟာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ၈၈၈၈ ပါတီအမည်နဲ့  မှတ်ပုံတင်လိုက်ပါတယ်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဗဟိုဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြီးနဲ့ ဦးရဲနိုင်အောင်တို့ ဦးဆောင်တဲ့အဖွဲ့က ဒီဇင်ဘာ ၁၉ရက်မနက်က ပြည်ထောင်စုရွေးေ ကာက်ပွဲကော်မရှင်ရုံးသို့ သွားရောက်  မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ကော်မရှင်မှ ဒုညွန်ကြားရေးမှူး ဦးလှမောင်ချိုက လက်ခံဆောင်ရွက်ပေးခဲ့ပါတယ်။

၈၈၈၈ ဆိုတဲ့ပါတီအမည်ပေးရတာနဲ့ပတ်သက်ပြီး ဦးကိုကိုကြီးက “မြန်မာ့နိုင်ငံရေးရဲ့ အဓိက ခါးရိုးပေါ့ အဓိကကျတဲ့ ဒီ ၈၈၈၈ အရေးတော်ပုံကြီးဟာ ကိုယ်တိုင်လည်း တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သူတစ်ယောက်အနေနဲ့ နောက်တစ်ခုက ကျနော် တစ်ယောက်ထဲ အနေနဲ့ မဟုတ်ဘဲနဲ့ ပါဝင်ဆောင်ရွက်တဲ့ ရဲဘော်တွေအားလုံးက ဒီ ၈၈ ကို အင်မတန် လေးစားတန်ဖိုးထားတဲ့ ရဲဘော်တွေဖြစ်တဲ့အတွက်ကြောင့် အခြားနာမည်တွေ အဆိုပြုကြ၊ ရွေးချယ်ကြတာတွေရှိပါတယ်။ အဲဒီထဲကမှ ၈၈၈၈ ဆိုတာ အရိုးရှင်းဆုံးနဲ့ ပြည်သူတွေကြားထဲမှာလည်း လေးလေးနက်နက် ခံယူထားပြီးသား ဒီနာမည်ကိုသုံးခြင်းဟာ ကျယ်ပြန့်တဲ့ သဘောဆောင်တယ်”လို့ပြောပါတယ်။

၈၈၈၈ ပါတီလို့ အမည်ပေးတာနဲ့ပတ်သက်လို့ ရှစ်လေးလုံးသမိုင်းဖြစ်စဉ်တစ်ခုလုံးကို ပါတီကအပိုင်သိမ်းပိုက်လိုက်တာဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေ ပါတယ်။

ဦးကိုကိုကြီးကတော့ ၈၈၈၈ကို  အလေးအနက် တန်ဖိုးထားပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနာမည်ဟာ ကျနော်တို့ တန်ဖိုးထားတယ်။ ဒါဟာ ကိန်းဂဏန်း အမှတ်အသား သက်သက်မဟုတ်ပါဘူး။ အဲဒီနောက်မှာ တကယ့်လေးနက်တဲ့ ဦးတည်ချက်တွေ၊ ရည် ရွယ်ချက်တွေ ပါပါတယ်။ ဒါကြောင့်မို့လို့ ဒီနာမည်ကို ဆုံးဖြတ်လိုက်ခြင်းဟာ သာမန်ကိန်းဂဏန်း အမှတ်အသား တစ်ခုထက် လေးနက်တဲ့ နိုင်ငံရေးအဓိပ္ပာယ်တွေ အများကြီးပါတယ်လို့ ဒါလေးအဓိကရှင်းပြချင်ပါတယ်”

ပါတီအမည်နဲ့ပတ်သက်ပြီး ကော်မရှင်က ကန့်ကွက်ဖို့ ရှိမရှိ ကြေညာတဲ့အခါမှာ ကန့်ကွက်မှုတွေရှိခဲ့ပါက ဥပဒေနည်းလမ်းအရပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013