DVB Logo
Home
မြန်မာသတင်း
မောင်တော အင်းဒင်ရွာသို့ ရုပ်အလောင်းများတူးဖော်မည့်အဖွဲ့ ရောက်ရှိ (ရုပ်သံ)
DVB
·
December 19, 2017
မောင်တော အင်းဒင်ရွာသို့ ရုပ်အလောင်းများတူးဖော်မည့်အဖွဲ့ ရောက်ရှိ (ရုပ်သံ)
Donate to DVB

 

  ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာတွေ့ရှိတဲ့ အမည်မသိ ရုပ်အလောင်းတွေကို တူးဖော်ဖို့ အဖွဲ့ဖွဲ့ပြီး စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကျန်းမာရေးဌာနက ဆရာဝန်တွေ အပါအ၀င် မြို့နယ်အဆင့်အဖွဲ့ဖွဲ့ပြီး အလောင်းတူးဖော်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဖွဲ့တာက မောင်တောမှာ ဆရာဝန်တွေလည်း ပါတယ်။ တရားသူကြီးတွေလည်း ပါမယ်။ သူတို့အဖွဲ့က ဒီနေ့ အင်းဒင်ကို လာမယ်ဆိုလို့ ကျနော်တို့ စောင့်နေတာ။ ခရိုင်အုပ်ချုပ်ရေးမှူးကို လည်း မေးပြီးပါပြီ။ မြို့နယ်က ဖွဲ့နေတာပါ။ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။”လို့ ဒေသခံက ပြောပါတယ်။

ရုပ်အလောင်းတွေ တွေ့ရှိတာနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၈ ရက်ညမှာ ရွာသား တယောက်ကို ထပ်ဖမ်းသွားပြီး ကျေးရွာသားတွေဟာလည်း အလောင်းတွေတွေ့ရှိတာ ကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အင်းဒင်ကျေးရွာသုသာန်မှာ လူတွေ သတ်ဖြတ်မြှုပ်နှံထားတယ်လို့ အမည်မဖော်လိုသူ တဦးက သတင်းပေးပို့ တိုင်ကြားလာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ရာမှာ အမည်မသိ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013