DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် နောက်ဘီးပေါက်သည့်ကား အရှိန်လွန် ချောက်ထဲကျ၊ လူ ၉ ဦး ဒဏ်ရာရ
DVB
·
December 19, 2017
အမြန်လမ်းတွင် နောက်ဘီးပေါက်သည့်ကား အရှိန်လွန် ချောက်ထဲကျ၊ လူ ၉ ဦး ဒဏ်ရာရ
1 / 5
Donate to DVB

 

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၃/၄ နဲ့ ၅ အကြားမှာ မနေ့က အိမ်စီးကား ဝဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်တော့ပဲ မြေသားလမ်းဘေးရှိ ချောက်ထဲကျ တိမ်းမှောက်ရာ ကားပေါ်ပါ လူ ၁၁ ဦးအနက် ၉ ဦးဒဏ်ရာရသွားတယ်လို့ သီးကုန်းအမြန်လမ်းရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့ အုတ်ဖိုရွာနေ ကိုထွန်းဦးမောင်းတဲ့ အဖြူရောင်STREXကား နေပြည်တော်ဘက်ကို မောင်းလာစဉ် ဝဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ပြီးနောက် တဖက်ယာဉ်ကြောရဲ့ မြေသားလမ်းဘေးရှိ ချောက်ထဲ ကျကာ တိမ်းမှောက်ပါတယ်။ ကားပေါ်ပါသူ ၁၁ဦးအနက် ၉ဦးဒဏ်ရာရခဲ့တယ်လို့ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

သီးကုန်းအမြန်လမ်းရဲစခန်း အမှုစစ်အရာရှိတဦးက "ကားပေါ်မှာ အမျိုးသား ၃ဦး အမျိုးသမီး ၈ ဦးပါတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၈ဦးဒဏ်ရာရတယ် မစိုးရိမ်ရပါဖူး တပ်ဖွဲ့ပိုင်ကားနဲ့ပဲ မိတ္ထီလာဆေးရုံ ပို့ပေးတယ်"လို့ ပြောပါတယ်။

ဒေသခံတဦးက "အရှိန်များလွန်းတော့ ကားပျံကြီးဖြစ်သွားတယ်။ လမ်း၂လမ်းကို ခြားထား တဲ့ လမ်းလယ်ကျွန်းကို ကျော်တက်သွားတယ်။ တဖက်ယာဉ်ကြောလမ်းဘေးက ချောက်ထဲ ရောက်ပြီး မှောက်သွားမှ ရပ်တော့တာပါပဲ"လို့ပြောပါတယ်။

သီးကုန်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်းကိုထွန်းဦးကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ကြောင့် သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ ယာဉ်(ပ) ၃၈/၂၀၁၇ အရ  အရေးယူထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013