DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်​ပြည်​​ထောင်​စု တည်​​ဆောက်ရေး မျိုးချစ်​စိတ်​ဓာတ်​ဖြင့် ပူး​ပေါင်းပါဝင်​ရန်​ တိုက်တွန်း
DVB
·
December 19, 2017
ဖက်ဒရယ်​ပြည်​​ထောင်​စု တည်​​ဆောက်ရေး မျိုးချစ်​စိတ်​ဓာတ်​ဖြင့် ပူး​ပေါင်းပါဝင်​ရန်​ တိုက်တွန်း
Donate to DVB

ဖက်ဒရယ်​ပြည်​​ထောင်​စုကို တည်​​ဆောက်​ရာမှာ တိုင်းရင်းသားအားလုံး မျိုးချစ်​စိတ်​ဓာတ်​ အ​ရင်းခံပြီး ပူး​ပေါင်းပါဝင်​ကြဖို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်​ဘာ ၁၈ ရက် မနက်​ကမွန်​ပြည်​နယ်​၊ သထုံမြို့နယ်​၊ ကျုံပါ​ကျေးရွာမှာ ပြုလုပ်​ခဲ့တဲ့ ကရင်​နှစ်​သစ်​ကူးပွဲ​တော်​မှာ ​မွန်​ပြည်​နယ်​ဝန်​ကြီးချုပ်​​ဒေါတ်​တာ​အေးဇံက​ပြောကြားခဲ့တာပါ။

ဒီမိုက​ရေစီ ဖက်​ဒရယ်​ပြည်​​ထောင်​စုကြီး တည်​​ဆောက်​​ရေး​ ဆောင်​ရွက်​ရာမှာ တိုင်းရင်းသား ညီအစ်​ကို​ မောင်​နှမတွေအ​နေနဲ့ ပြည်​​ထောင်​စုစိတ်​ဓာတ်​ကို အ​ရင်းခံပြီး ပူး​ပေါင်းပါဝင်​ခြင်းဖြင့် စစ်​မှန်​​သော မျိုးချစ်​စိတ်​ဓာတ်​ကို ပြသကာ အနာဂတ်​နိုင်​ငံ​တော်​ကြီးကို ဖန်​တီးတည်​​ဆောက်​ကြဖို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

"ကရင်​တိုင်းရင်းသားလူမျိုး​တွေ နှစ်​သစ်​မင်္ဂလာ ကျင်းပရာမှာ ကိုယ်​ပိုင်​ယဉ်​​ကျေးမှု၊ ရိုးရာ ဓ​လေ့၊ စာ​ပေနဲ့ ယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို ထိန်းသိမ်း​ဖော်ထုတ်​ခြင်း၊ ဘာသာတရားအလိုက်​ ဆု​တောင်း​မေတ္တာ ပို့သခြင်း​တွေနဲ့အတူ​ ပျော်​​ပွှဲရွှင်​ပွဲများနဲ့ အားကစားပြိုင်​ပွဲ​တွေ ကျင်းပ​ပေးတဲ့အတွက် ​မင်္ဂလာနှစ်​သစ်​မှာ ရုပ်​ပိုင်းဆိုင်​ရာနဲ့ အနှစ်​သာရများ ရရှိ​စေမယ့် အစဉ်​အလာ​ကောင်း​တွေ ဖြစ်​ပါတယ်​"လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

အကြိမ် ၈၀ မြောက် ကရင်နှစ်သစ်ကူးနေ့မှာ အသက်​ ၈၀ နဲ့အထက် ​ကရင်​ အဘိုး အဘွားတွေကို ကန်​​တော့တာနဲ့  ပညာထူးချွန်​သူ လူငယ်​​မောင်​မယ်​တွေကို ဂုဏ်​ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

ကျုံပါ​ကျေးရွာ​ဒေသခံ ​နန်းသီတာထွေးက​ "ရပ်ဝေးကိုရောက်နေကြတဲ့ ကရင်လူမျိုးတိုင်း ပြန်လည်ဆုံတွေ့ကြတဲ့ ပွဲတခုပါ။ ဒီလို ကျင်း​ပ​ပေးတဲ့အတွက်လည်း မျိုးဆက်​လူငယ်​တွေကို အ​တွေ့အကြုံကောင်းတွေ ရ​စေပါတယ်​။ အဓိက ကိုယ့်တိုင်းရင်းသားလူမျိုးရဲ့ ယဉ်​​ကျေးမှု ရိုးရာဓ​လေ့တွေနဲ့ ကိုယ်​ပိုင်​စာ​ပေ​တွေကို ပြန်လည်ထိန်းသိမ်း​စောင့်ရှောက်​သွားဖို့အတွက် လူငယ်​မျိုးဆက်​​တွေမှာ တာဝန်​ရှိပါလားဆိုတဲ့ အသိတရား​တွေ ရရှိလာစေပါတယ်။"လို့ ပြောပါတယ်။

သထုံမြို့နယ်​မှာ ကရင်​တိုင်းရင်းသား​အများစု​ နေထိုင်​တဲ့ေ​ကျေးရွာပေါင်း ၃၇ ရွာရှိပြီး မြို့နယ်ထဲက ကရင်​အမျိုးသားအချင်းချင်း စည်းလုံးညီ​ညွတ်​မှုရရှိ​စေရန်အတွက် တနှစ်​ကို တရွာစီ အလှည့်ကျစနစ်​နဲ့ နှစ်​သစ်​ကူးပွဲကို ကျင်း​ပလေ့ရှိပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013