DVB Logo
Home
မြန်မာသတင်း
အာဆီယံတွင် ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၅ သန်း ရှိဟု  ဒုသမ္မတ ဦးမြင့်ဆွေ ပြော
DVB
·
December 19, 2017
အာဆီယံတွင် ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၅ သန်း ရှိဟု  ဒုသမ္မတ ဦးမြင့်ဆွေ ပြော
1 / 3
Donate to DVB

အာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆ ဒသမ ၅ သန်း ရှိပြီး မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဟာ ဒေသတွင်း အဓိက ရွှေ့ပြောင်းသွားလာကြတဲ့ နေရာများ ဖြစ်တယ်လို့  ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ရက်က ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပြီး  ၁၉၉၅ ခုနှစ်ကနေ  ၂၀၁၅ ခုနှစ် ကာလအတွင်း ဒေသတွင်း ရွှေ့ပြောင်း သွားလာခြင်းဟာ သိသိသာသာ မြင့်မားလာတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သူက ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားက ရွှေ့ပြောင်းအလုပ်သမားများရဲ့ မိသားစုလွှဲပို့ငွေဟာ နိုင်ငံ့ GDP အတွက် အရေးပါတဲ့ အရင်းအမြစ်ဖြစ်လို့ မိသားစုလွှဲပို့ငွေကို လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေ လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးပို့နိုင်ဖို့ အခုထက်ပိုပြီး အားစိုက် ဆောင်ရွက်သွားရမယ်လို့လည်း သတိပေး ပြောခဲ့ပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင်ဖြစ်ဖို့ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်၊ သာမန်နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားများ ထုတ်ပေးနေရာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန် အထိ ၂ ဒသမ ၄ သန်း ကျော်ကို ထုတ်ပေးပြီး ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့တွေ အဆိုအရ ထိုင်း တနိုင်ငံတည်းမှာတင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်းခန့် ရှိနေပြီး အများစုဟာ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကတဆင့် မိသားစုထံ ငွေလွှဲနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်မှာ ၂၀၁၇ ခုနှစ်က ပါဝင်လက်မှတ်ထိုးထားပါတယ်။

Photos : MOI Webportal Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013