DVB Logo
Home
မြန်မာသတင်း
ဓနုဖြူတွင် သမီးအရင်းကို ရေနွေးဖြင့် လောင်းနှိပ်စက်ခဲ့သူကို အရေးယူမည် (ရုပ်သံ)
DVB
·
December 18, 2017
ဓနုဖြူတွင် သမီးအရင်းကို ရေနွေးဖြင့် လောင်းနှိပ်စက်ခဲ့သူကို အရေးယူမည် (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊  ဓနုဖြူမြို့မှာ ကလေးငယ် ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်တဲ့ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့ပြီးနောက် ကျူးလွန်သူကို ဒေသအာဏာပိုင်တွေက အရေးယူဖို့ ဆောင်ရွက်နေကြပါတယ်။

ဓနုဖြူမြို့ နန်းတော်ကုန်းကျေးရွာအုပ်စုအပိုင်းနဲ့ ၁၀ ရပ်ကွက်ကြားမှာ လူမိုက်လို့ အများက သတ်မှတ်ထားတဲ့ ရဲလေးဆိုသူက သမီးအရင်းကို ရေနွေးနဲ့ လောင်းနှိပ်စက်တာတွေနဲ့ သူ့အစ်ကို မယားပါသားကို ရေနှစ်ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်ဆောင်နေတယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာ ပုံတွေနဲ့တကွ ရေးသားတာတွေပျံ့နှံ့နေခဲ့တာပါ။

ဒီအမှုကို ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မူဆိုင်ရာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ အတွက် သက်ဆိုင်ရာလူမှုဝန်ထမ်းဦးဌာနကို တင်ပြထားတယ်လို့ ဓနုဖြူမြို့နယ်၊ ဒုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးကပြောပါတယ်။

ကလေးငယ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကတည်းက အခုလို ညှဉ်းပန်းနှိပ်စက် ထားတာကြောင့် သေရာပါ ဒဏ်ရာတွေရရှိနေတယ်လို့ ပြောပါတယ်။  

ကျူးလွန်သူ ရဲလေးရဲ့သမီးအရင်းကတော့ ဦးခေါင်းမှာ ဆံပင်မပေါက်နိုင်လောက်တဲ့ ဒဏ်ရာတွေရရှိထားပြီး သူ့အစ်ကိုရဲ့ သားကတော့ခြေထောက်တွေမှာ ဒဏ်ရာတွေရရှိ ထားတာပါ။

ကလေးတွေကို နှိပ်စက်တဲ့ဖြစ်စဉ်မှာ မျက်မြင်သက်သေအဖြစ်အမျိုးသမီး(၆)ဦးကလည်းး  ကလေးတွေဘက်ကသက်သေလိုက်ပါထွက်ဆိုမှာဖြစ်ပြီးထိရောက်တဲ့အရေးယူမူမျိုးတွေလုပ်ပေးစေချင်တယ်လို့ ဓနုဖြူ ၁၀ရပ်ကွက်နေ မျက်မြင်သက်သေ ဒေါ်သေးသေးကပြောပါတယ်။

သမီးအရင်းကို ညှင်းပန်းနှိပ်စက်တာကိုတော့ ကလေးသူငယ်ဆိုင်ရာဥပဒေပုဒ်မ ၆၆(ဃ) ကလေးသူငယ်တွေ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရေးယူနိုင်ဖို့မြို့ဥပဒေရုံးမှာ တင်ပြတောင်းဆို ထားတယ်လို့ပြောပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ရဲလေးကို ဓနုဖြူ မြို့မစခန်းမှူးက  တရားလိုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅၊ ၃၄၂၊ တုံးသောလက်နက်နဲ့သာမန်နာကျင်စေမှုနဲ့ ပုဒ်မ ၅၀၆ ရာဇဝတ်မကင်းသောခြိမ်းခြောက်မှုတွေနဲ့ ၁၅ ရက်နေ့မှာ ဖမ်းဆီးပြီး ၁၆ ရက်နေမှာ အာမခံနဲ့ပြန်လွှတ်ထားပါတယ်။

ရိုက်ကူး - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013