DVB Logo
Home
မြန်မာသတင်း
နောက် ငါးနှစ် တာဝန်ထပ်ယူနိုင်အောင် ကြိုးစားရန် ဦးဝင်းထိန်တိုက်တွန်း
DVB
·
December 18, 2017
နောက် ငါးနှစ် တာဝန်ထပ်ယူနိုင်အောင် ကြိုးစားရန် ဦးဝင်းထိန်တိုက်တွန်း
Donate to DVB

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ နောက်ထပ် ငါးနှစ် တာဝန်ယူနိုင်အောင် ကြိုးစားကြဖို့ ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ ပြောဆို လိုက်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာဗျုဟာခန်းမမှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးများအဖွဲ့ဝင် ဦးဝင်းထိန်နဲ့ နေပြည်တော်ခရိုင်နဲ့ ၈ မြို့နယ် အလုပ်အမှု ဆောင်တွေ တွေ့ဆုံပွဲမှာ အခုလို ပြောတာပါ။

လက်ရှိ တာဝန်ယူထားတဲ့ ငါးနှစ်မှာ ဒီမိုကရေစီအခြေကျအောင် ဆောင်ရွက်ပြီး နောက်ထပ် ငါးနှစ်ဆိုရင် ဒီမိုကရေစီအခြေခိုင်လာမှာဖြစ်လို့ အခုလို နောက်ထပ် ငါးနှစ် တာဝန် ယူနိုင်အောင် ကြိုးစားဖို့ ပြောတာပါ။

ဦးဝင်းထိန်က“ဒေါ်အောင်ဆန်းစုကြည် မကြာမကြာပြောသလိုပဲ ကျနော်တို့ တာဝန်ယူရတဲ့ ၅ နှစ်မှာ ဒီမိုကရေစီအခြေကျ အောင်ဆောင်ရွက်မယ်။ နောက်ထပ် ၅ နှစ်နဲ့ စုစုပေါင်း ၁၀ နှစ်လောက်ဆိုရင် ဒီမိုကရေစီက အခြေခိုင်လာမှာ ဖြစ်ပါတယ်။ အခုအချိန်ကတော့ ခနော်ခနဲ့ ဖြစ်နေမယ်။ မြေတောင်မြှောက်ဖို့၊ ရေလောင်းဖို့၊ သန့်စင်ဖို့ လိုမယ်။ ၁၀ နှစ်လောက်ဆိုရင်တော့ ခိုင်ခိုင်မာမာရှိပြီဖြစ်တဲ့အတွက်ကြောင့် ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အဖွဲ့သားတွေ ဟာ နောက်ထပ် ၅ နှစ်လောက်တာဝန်ယူနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အချက်ကိုတော့ အားလုံးကို အသိပေးစေချင်ပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံရော၊ ပါတီစည်းကမ်းရော စနစ်ကျတဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအကျဆုံး ပါတီ ဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောရဲပါတယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

အရင်ကပါတီဟာ ဆိုင်းဘုတ်ဖြုတ်ခံရမယ့် အနေအထားတွေ၊ ပါတီဖျက်သိမ်းရမယ့် အနေအထားတွေဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်တွေကြောင့် အခုလို နိုင်ငံတာဝန်ထမ်းဆောင်တဲ့အနေအထားထိ ဖြစ်လာတာမို့ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်သလို ချမ်းသာတဲ့ ဒဏ်ကိုလည်း ခံနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

“ချမ်းသာတဲ့ဒဏ်ကို ခံနိုင်ဖို့ဆိုတာက ကိုယ်တာဝန်ယူရတဲ့အချိန်မှာ တာဝန်အရ ဆောင်ရွက်ပြီးတော့မှ ပေါ်ပေါက်လာတဲ့ အဂတိတရားတွေကို ကင်းကင်းရှင်းရှင်းနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ဦးဆောင်နိုင်ဖို့၊ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ့်ကို မဲပေးလိုက်တဲ့ ပြည်သူတွေ၊ မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ဦးစားပေးပြီးတော့ မြို့နယ်တိုးတက်ရာ တိုးတက်ကြောင်း၊ မဲဆန္ဒရှင်တွေရဲ့ ပြဿနာတွေကို ပြေလည်ရာပြေလည်ကြောင်း အထူးဂရုစိုက်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မြို့နယ်တစ်မြို့နယ်မှာ ကိုယ်နိုင်ထားသော်လည်း ကိုယ့်ကိုမဲပေးတဲ့သူတွေတင်မကဘူး။ မဲမပေးတဲ့သူတွေကလည်း ကိုယ်နဲ့ဆိုင်တယ်။ သူတို့ရဲ့ သက်သာချောင်ချိရေးတွေဖြစ်ဖို့အတွက် ကျွန်တော်တို့နဲ့ ဆိုင်တယ်။ အားလုံးရဲ့ ခေါင်းထဲမှာရှိစေချင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုရောက်တဲ့အခါမှာ အချို့တော်တော်များများက ကိုယ့်ရဲ့အဓိကတာဝန်ကို မေ့နေပြီးတော့မှ ပင်နီတိုက်ပုံဝတ်ပြီးတော့ စွက်ဖက်တာတွေရှိတယ်။ အဲ့ဒါတွေကို မြင်လည်းမြင်တယ်။ ကြားလည်း ကြားတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် မြို့နယ်အသီးသီးမှာ လူငယ်အင်အားရဖို့ ကြိုးစားတာမှာ အမျိုးသမီးဦးရေ ၂၀ ရာခိုင်နှုန်းလောက် ရအောင်ကြိုးစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013