DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နေပြည်တော်တွင်ကျင်းပ၊ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
DVB
·
December 18, 2017
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နေပြည်တော်တွင်ကျင်းပ၊ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
1 / 5
Donate to DVB

 

ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နေပြည်တော်ရှိ MICC II အဆောက်အအုံမှာ ပြုလုပ်ခဲ့တာမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ ပါတယ်။

“နှစ်သစ်ကူးပွဲတော်တွေဟာ အတိတ်ကဖြစ်ရပ်တွေကို သတိရ၊ ဆင်ခြင်သုံးသပ်ဖို့ အချိန်အခါနဲ့ အနာဂတ်အတွက် ရည်မှန်းချက်တွေ တည်ဆောက်ဖို့ အချိန်အခါဖြစ်ပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးမှာ ပြည်ထောင်စုသားအားလုံး အဟောင်းထက် သာလွန်ကောင်းမွန် တဲ့ အသစ်တွေ ဖန်တီးဖြစ်မြောက်နိုင်ကြပါစေ။ ကျမတို့ ကရင်တိုင်းရင်းသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသားစွာနဲ့ ၂၇၅၇ ခုနှစ်ကစပြီး အချိန်များ ကုန်ဆုံးတဲ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ကမ္ဘာကြီးအတွက် ကောင်းကျိုးတွေ ပြုနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နေပြည်တော်မှာ ပြုလုပ်တာ ဒုတိယအကြိမ်ရှိပြီဖြစ်ပြီး ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို တစ်နိုင်ငံလုံး ပြုလုပ်လာတာ ၇၉ ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013