DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ် ပြန့်ပွားရေးအသင်းဖွဲ့စည်း
DVB
·
December 18, 2017
ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ် ပြန့်ပွားရေးအသင်းဖွဲ့စည်း
1 / 2
Donate to DVB

 

နတ်မောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့်ကော်မတီကနေ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ် ပြန့်ပွားရေးအသင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကို လက်ရှိမှာ ယာယီအနေနဲ့ ဖွဲ့စည်းထားပြီး အသင်းမှတ်ပုံတင်နိုင်အောင် လုပ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဦးကေဇော်က ပြောပါတယ်။

“လောလောဆယ် အသင်းမှတ်ပုံတင်ဖို့ စီစဉ်နေတုန်းဖြစ်တော့ အသင်းက ဘာလုပ်မယ်ဆိုတာ မပြောသေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ စဖွဲ့ဖြစ်တာပါ” လို့ ပြောပါတယ်။

အသင်းကို နာယက ၉ ယောက်၊ အမှုဆောင်ကော်မတီဝင် ၁၇ ယောက်၊ အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။

“ဒါက အသင်းအဖွဲ့တခုဖြစ်လာဖို့ အမြုတေအနေနဲ့ ဖွဲ့စည်းထားတဲ့သဘောပါပဲ။ နောက်ပိုင်းမှာတော့ တခြားအဖွဲ့ဝင်တွေတိုးချဲ့လာမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖြစ်လာမယ်။ ဒီနောက်မှာမှ တခြားထုတ်ပြန်တာတွေ လုပ်ပါမယ်” လို့ ပြောပါတယ်။

အသင်းကိုတော့ လာမယ့် နှစ်ဆန်းမှာ မှတ်ပုံတင်ဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

အသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဖြစ်တဲ့ ဦးနေမျိုးဇင်က “ဗိုလ်ချုပ်ရာပြည့်လုပ်ဖို့ စီစဉ်တော့ ကျနော်လည်း ပါခဲ့တယ်။ ဒါပေမယ့် ထောင်ကျသွားတော့ သေချာမသိလိုက်တော့ဘူး ပေါ့။ အဲဒီမှာ ဝိုင်းလှူထားတဲ့ ရံပုံငွေက သိန်းထောင်ဂဏန်းရှိနေတယ်။ ဒါကို ဘဏ်မှာ အပ်ထား ကြပြီး ဖောင်ဒေးရှင်း လုပ်ရင်ကောင်းမလား စဉ်းစားကြတယ်။ ဒါပေမယ့် ဖောင်ဒေးရှင်းတွေက များနေတော့ ဗိုလ်ချုပ်စိတ်ဓာတ်ကို လူတွေ တွင်တွင်ကျယ်ကျယ်သိလာအောင် လုပ်မယ့် အသင်းတခု တရားဝင်ထောင်မယ်လို့ လုပ်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

အသင်းမှာ တတ်သိပညာရှင်တွေပါဝင်ပြီး တနိုင်ငံလုံးမှာ ဖွဲ့စည်းဖို့လည်း လုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013