DVB Logo
Home
မြန်မာသတင်း
ကချင်ရတနာမြေက ရေမဆေးကျောက်ရှာသမားတို့ရဲ့ဘဝများ (ဓာတ်ပုံ)
DVB
·
December 18, 2017
ကချင်ရတနာမြေက ရေမဆေးကျောက်ရှာသမားတို့ရဲ့ဘဝများ (ဓာတ်ပုံ)
1 / 10
Donate to DVB

ကချင်ပြည်နယ်မှာ ရတနာနယ်မြေကို သုံးပိုင်းခွဲထားပါတယ်။ လုံးခင်း-ဖားကန့် ရတနာနယ်မြေ၊ မော်လူး-မော်ဟန် ရတနာနယ်မြေနဲ့  နန့်ယားဆိပ်ဒေသ ရတနာနယ်မြေတွေ ဖြစ်ပါတယ်။

ရတနာနယ်မြေ ကျောက်စိမ်းကျောက်မျက်တူးဖော်မှုမှာ ပုဂ္ဂလိက ကုမ္ပဏီတွေက သီးသန့်တူးဖော်တာ ရှိသလို နိုင်ငံတော်နဲ့ အကျိုးတူ လုပ်ကိုင် တူးဖော်တာတွေ ရှိပါတယ်။

ရတနာနယ်မြေ သုံးခုစလုံးမှာ လုပ်ကွက်ပေါင်း တသောင်းကျော် ရှိပါတယ်။ ဒီထဲကမှ လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ ကျောက်တူးဖော်ယာဉ်နဲ့ မြေသယ်ယာဉ် စက်ယန္တရားပေါင်း ခွင့်ပြုနှုန်း အစီးပေါင်း ၆၀၀၀ အထက် အစီးရေ တသောင်းကျော်လောက် ပိုမိုသုံးစွဲနေတာတွေ ရှိတယ်လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီးက ပြောပါတယ်။

ဖားကန့်မြို့နယ်တွင်းမှ ကျောက်တူးဖော်ရေးကုမ္ပဏီကြီးတွေက စက်ယန္တရားတွေနဲ့ အကြီးအကျယ် ကျောက်တူးဖော်လုပ်ကိုင်နေကြသလို အရင်းအနှီးမရှိတဲ့ အနယ်နယ် အရပ်ရပ်က လာရောက် ရေမဆေးကျောက်ရှာ ကျောက်တူးသမားတွေကတော့ စွန့်ပစ်မြေစာတွေထဲမှာ  ကျောက်အပိုင်းအစတွေကို  အသက်အန္တရာယ်ကြားက စွန့်စားရှာဖွေနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013