DVB Logo
Home
မြန်မာသတင်း
ကျေးလက်ပြည်သူများ စကားဝိုင်း ပြုလုပ်စဉ်က ဒေသခံများ တောင်းဆိုချက် ၈၀ ရာခိုင်နှုန်းပြီးစီး
DVB
·
December 18, 2017
ကျေးလက်ပြည်သူများ စကားဝိုင်း ပြုလုပ်စဉ်က ဒေသခံများ တောင်းဆိုချက် ၈၀ ရာခိုင်နှုန်းပြီးစီး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝမ်းတွင်းမြို့နယ်မှာ ကျေးလက်ပြည်သူများ စကားဝိုင်း ပြုလုပ်စဉ်က တောင်းဆိုထားတဲ့ စာသင်ကျောင်း၊ သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေတာ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ သြဂုတ် ၇ ရက်က  ကျေးလက်ပြည်သူများ စကားဝိုင်း ကျင်းပစဉ် ရွာသားတွေက ကျေးရွာရဲ့ လိုအပ်တာတွေ တောင်းဆိုတင်ပြခဲ့ရာ မြေတိုင်ကန်ရွာ၊ ဆူးပန်းရွာ၊ ဆယ်ရွာရဲ့ လိုအပ်ချက်တွေ တင်ပြခဲ့မှုတို့ ဖြည့်ဆည်းဆောင်ရွက် ပေးရာ ဒီနေ့ထိ လေးလကျော်ကြာချိန်မှာ ၈၀ ရာနှုန်းပြီးစီးခဲ့တာ ဖြစ်ပါတယ်။

မြေတိုင်ကန်ရွာ ကျောင်းအုပ်ဆရာကြီးဦးထွန်းဝင်းက “အရင်က စာသင်ကျောင်းဆောင် မပြည့်စုံပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံဆီ တင်ပြတာ အလှူရှင် ပေါ်လာပြီး စာသင်ဆောင် အသစ်ဆောက်နေတာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးပါပြီ။ ကျောင်းဧရိယာကျဉ်းနေလို့ မြေထပ်ဝယ်ပေးပြီး ချိုင့်တွေ၊ ကျင်းတွေ မြေဖို့ပြီး ညှိပေးနေတယ်”လို့ ပြောပါတယ်။

မြေတိုင်ကန်ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဖြိုးက “ရွာထဲမှာ သုံးရေပဲ ရတယ်။ သောက်မရတဲ့ ရေတွင်း ၆၀ ကျော်ရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံဆီ တင်ပြခဲ့တယ်။ ရွာတောင်ဘက်မှာ ရေချိုတွင်း တူးတယ်။ အဲဒီကရေကို ရွာထဲ ပို့ပေးတယ်။ ရေချိုသောက်လို့ရပြီ။ အရင်က ရေမြောင်း ရှိတယ်။ စိုက်ပျိုးရေ မရှိဘူး။ အခုတော့ မြစ်ရေတင်က စိုက်ပျိုးရေ လယ်ထဲ ရောက်လာပြီပေါ့။ အဆင်ပြေလာပြီပေါ့”လို့ပြောပါတယ်။

ဆူးပန်းရွာ ဦးဆန်းဝင်းက “အမှတ် (၈) ကင်းတားရေပေးမြောင်းက ပြင်တော့ပြင်တယ်။ အားလုံးတော့ မကောင်းသေးဘူး။ လယ်ရေမရတဲ့နေရာ ရှိနေသေးတယ်။ ၈၀ ရာနှုန်းတောင် မကောင်းသေးဘူး”လို့ ပြောပါတယ်။

ဆယ်ရွာက မမြသန်းရီက “လျှပ်စစ်မီးကတော့ ရွာကိုရောက်ပါပြီ။ ကျမတို့အိမ်တော့ မီးလင်းပြီ။ ၈၀ ရာခိုင်နှုန်းလောက်ပြီးပြီပေါ့”လို့ ပြောပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013