DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 18, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၅၅,၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ 929
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ 929 က ၅၇၂၅ ပိဿာဝင် ၁ အိတ်ကို ၈၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၃,၀၀၀ ပေါက်ဈေးရှိနေပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၅,၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ တစ်အိတ်ကို ၃၀၀၀ နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ပဲလွန်းဖြူ အများဆုံးဝင်တဲ့  မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက ၁ ပိဿာကို ၁,၇၅၀ ကျပ် ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၈၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးမှာတော့ ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မန္တေးနဲ့ မုံရွာ ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ ဈေးကျဆင်းသွားပါတယ်။ နှမ်းအများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ နှမ်းနက်က ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ၁၁၈,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၁၃,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုက ၁ တင်းကို ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ၃၄,၅၀၀ ကျပ်ရှိပါတယ်။ မုံရွာနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ တင်းကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013