DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် လင်မယား စကားများ ရိုက်နှက်ကြရာမှ ခင်ပွန်းဖြစ်သူသေဆုံး
DVB
·
December 18, 2017
ကော့သောင်းတွင် လင်မယား စကားများ ရိုက်နှက်ကြရာမှ ခင်ပွန်းဖြစ်သူသေဆုံး
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ မနေ့က လင်မယား စကားများ ရိုက်နှက်ကြရာမှ ဇနီးသည်ရဲ့ လက်ချက်နဲ့ ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ကော့သောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာ ဘုန်းကြီးကျောင်းပိုင်းနေ ကိုကရင်(ခ)အောင်လင်းဟာ အရက်သောက်ပြီး ဇနီးသည် မာမာအေးကို ခြေထောက်နဲ့ ကန်၊ ကြွေပန်းကန်နဲ့ ပစ်ပေါက်တာကြောင့် မာမာအေးရဲ့ ဦးခေါင်းကို ထိမှန်ကာ သွေးထွက်လာတဲ့အတွက်  စိတ်တိုကာ တုတ်ပိုင်းနဲ့ ပြန်လည်ရိုက်နှက်ခဲ့ရာက ကိုကရင် သေဆုံးသွားခဲ့တာပါ။

ကိုကရင်ရဲ့ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာနဲ့ လဲကျတာကြောင့် ကရင်နဲ့ မာမာအေးတို့ ၂ ဦးကို ကော့သောင်းဆေးရုံသို့ တင်ပို့ကုသပေးခဲ့ကာ ဆေးကုသမှုပြီး နေအိမ်သို့ ပြန်ခိုင်းပေမယ့်လည်း ကရင်မှာ သက်သာမှုမရှိတဲ့အတွက် ဆေးရုံသို့ ပြန်လည်တင်ပို့ကုသခဲ့ရာမှ  ဒီဇင်ဘာ ၁၇ ရက်ည ၉ နာရီခွဲမှာ သေဆုံးသွားခဲ့ပါတယ်။

မမာမာအေး (၅၀နှစ်)က ကိုကရင်(ခ)အောင်လင်း (၃၃ နှစ်)ကို တုတ်နဲ့ ရိုက်နှက် သေဆုံးသွားတဲ့အတွက် ရာအိမ်မှူး ဦးမောင်သောင်းက အရေးယူပေးဖို့ တိုင်တန်းတာကြောင့် ကော့သောင်းရဲစခန်းမှာ ပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်း - ပလုတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013