
မွန်ရဟန်းသံဃာများ ကမကထပြုလုပ်ပြီး မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ဧပြီလ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီက မွန် ၂ ပါတီ ပူးပေါင်းရေးအတွက် အစည်းအဝေးကျင်းပခဲ့ရာမှာ မွန်ပါတီ ၂ ခုစလုံးက တပါတီအဖြစ် ပူးပေါင်းသွားမယ်ဆိုပြီး ကတိပြုခဲ့ကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဖျက်သိမ်းခံထားရတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ တပါတီတည်းအဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးထားပူးပေါင်းမည်ဖြစ်ပြီး ၂ ပါတီပူးပေါင်းရေးအတွက် မွန်သံဃာတော်များ သတ်မှတ်ပေးမည့်နေရာတွင် လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်သွားရန်၊ ၂ ပါတီ ပူးပေါင်းသောအခါ ပါတီနာမည်သစ်တစ်ခုကို ရွေးချယ်သတ်မှတ်သွားရန်တို့ ပါရှိပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mon/]











