DVB Logo
Home
မြန်မာသတင်း
ကားအိုကားပျက်များနှင့် ရေယာဉ်အိုဟောင်းများ မဖယ်ရှားရင်အရေးယူမည်
DVB
·
December 18, 2017
ကားအိုကားပျက်များနှင့် ရေယာဉ်အိုဟောင်းများ မဖယ်ရှားရင်အရေးယူမည်
Donate to DVB

 

ရန်ကုန်တိုင်းအတွင်း အများပြည်သူပိုင်လမ်းတွေပေါ်မှာ ရပ်ထားတဲ့ ကားအို၊ ကားဟောင်း၊ ကားပျက်တွေကို လာမယ့် ၂၀၁၈ ဇန်န၀ါရီ ၃၁ ရက်နောက်ဆုံးထားပြီးဖယ်ရှားဖို့နဲ့ မဖယ်ရှားရင် အရေးယူမယ်လို့ တိုင်းဒေသကြီးအစိုးရက အသိပေးကြေညာထားပါတယ်။

ရန်ကုန်မှာတိုးများလာတဲ့ ယာဉ်တွေ မောင်းနှင်သွားလာရာမှာ လွယ်ကူချောမွေ့စေဖို့နဲ့ ယာဉ်ကြောကြပ်တည်းမှုလျော့ချနိုင်ဖို့အတွက် အစိုးရက လုပ်ဆောင်နေတာဖြစ်ပြီး အများပြည်သူဆိုင်ရာ လမ်းနယ်နိမိတ်တွေပေါ် အကြောင်းမဲ့ အချိန်ကာလကြာ ကားအိုကားပျက်တွေ ရပ်ထားတာဟာ လမ်းပိတ်ဆို့မှုနဲ့ လမ်းရဲ့ ဥပဓိရုပ်ကို အကျည်းတန်စေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း မြစ်ချောင်းတွေမှာ ရပ်နားဆိုက်ကပ်ထားတဲ့ ရေယာဉ်အိုဟောင်းတွေနဲ့ ရေယာဉ်ပျက်တွေအားလုံးကိုလည်း ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား ဖယ်ရှားရှင်းလင်းဖို့ လည်းကြေညာထားပါတယ်။

ရေကြောင်းသွားလာရေးကို အနှောက်အယှက်ဖြစ်စေတဲ့ သွားလာမှုမပြုတော့တဲ့ ရေယာဉ်အဟောင်းအပျက်တွေကြောင့် မြစ်ချောင်းတွေကို အကျည်တန်စေတယ်လို့ လည်းဆိုပါတယ်။

ပျက်ကွက်ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ ဖယ်ရှားမယ့်အပြင် တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013