DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ကရင်တိုင်းရင်းသားကျေးရွာများစုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပ
DVB
·
December 18, 2017
အင်္ဂပူမြို့နယ်တွင် ကရင်တိုင်းရင်းသားကျေးရွာများစုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပ
Donate to DVB

 

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ ကရင်အမျိုးသားတွေ အများဆုံးနေထိုင်တဲ့ ကျးရွာအုပ်စုပေါင်း ၁၇ အုပ်စုက ကရင်တိုင်းရင်သားတွေစုပေါင်းပြီး ကရင်နှစ်ကူးပွဲတော်ကို ကျင်းပခဲ့ပါတယ်။

ပွဲတော်ကျင်းပရေး ဦးဆောင်အဖွဲ့ဝင် ဦးအောင်သန်းက "ပွဲတော်ကျင်ပဖို့ အတွက်ကတော့ မဲစနစ်နဲ့လုပ်ပါတယ်။ တိုင်းရင်သားတွေနေထိုင်ကျေးရွာတွေက ကရင်အဖွဲ့အစည်းတွေက အစည်းအဝေးပြုလုပ်မဲနိုက်ပြီး ပွဲတော်ကျင်းပခွင့်ရတဲ့ ကျေးရွာအုပ်စုတွေကို ဝိုင်းကူညီကြပါတယ်။”လို့ပြောပါတယ်။

ဒီဇင်ဘာ ၁၇နဲ့ ၁၈ရက်တွေမှာ ကျင်းပတဲ့ ပွဲတော်ကာလမှာ အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေပါကျင်းပခဲ့သလို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်တဲ့ ကျာင်းသားကျောင်းသူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဟာကရင်တိုင်းရင်သားတွေတတိယအများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ခုလို ကရင်နှစ်ကူးပွဲတော်ကို တိုင်းဒေသကြီးအတွင်းကမြို့နယ်တိုင်းမှာ ကျင်းပနေတာပါ။

ကရင်နှစ်ကူးပွဲတော်မှာတော့ ကရင်တိုင်းရင်းသားတွေ မြန်မာပြည်ရောက်ရှိလာပုံ၊ ကရင်နှစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံတွေနဲ့ ကရင်ဘာသာစကား၊ ကရင်စာပေတွေအကြောင်း ရှင်းလင်းတင်ပြတာတွေပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013