DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ရင်းနှီမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ်ရရှိမည်
DVB
·
December 18, 2017
ကရင်ပြည်နယ်တွင် ရင်းနှီမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ်ရရှိမည်
Donate to DVB

 

ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်တိတိရမှာဖြစ်သလို ဒေါ်လာ ၅ သန်းအထိ လုပ်ငန်းတွေကို ပြည်နယ်အဆင့် ခွင့်ပြုပေးသွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ နှစ်ရှည် နိုင်ငံခြားရင်းနှီး မြုပ်နှံမှု ဖိုရမ်(ကရင်) အခမ်းနားမှာ ပြောပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်တိတိ ရရှိနိုင်မှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီမှလည်း ဒေါ်လာ ၅ သန်းအထိ လုပ်ငန်းများကို ခွင့်ပြုနိုင်ပြီး ဖြစ်ကြောင်းကိုလည်း အသိပေးလိုပါတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်မှာ ရင်နှီးမြုပ်နှံမှု ကောင်းတဲ့အပြင် သဘာဝသယံဇာတတွေ အမှန်တရားတွေရှိလို့ ရင်နှီးမြှုပ်နှံဖို့ သင့်တော်တဲ့နေရာလို့ မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အသင်း (ကရင်ပြည်နယ်ခွဲ) တွဲဖက်အတွင်းရေးမှူး ဒေါ်ဆုခတ်ခတ်လင်းက ပြောပါတယ်။

“ကျမတို့ ကြားလိုက်ရတာတော့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် လုပ်ငန်းရှင်တွေကို အခွန်ကင်းလွတ်ခွင့် ၇ နှစ် ပေးတယ်လို့ ပြောတယ်ပေါ့။ ပြည်တွင်းကို ပေးရင်တော့ ပိုကောင်းတာပေါ့နော်။ ပြည်ပဆိုတော့ ပြည်ပအခွန်ရတော့လည်း ဒေသက ပိုတိုးတက်တယ်လို့တော့ ထင်တာပေါ့။ ဒါကတော့ ကျမတို့ အထင်ပါ။ ကရင်ပြည်နယ်ကတော့ ရင်နှီးမြှုပ်နှံမှု ကောင်းတဲ့နေရာပါပဲ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေ တက်နော် လော်ဂျီထရန်စပို့ လုပ်တဲ့ဟာတွေ အဆင်ပြေလာမယ်ဆိုရင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ Three Pagodas Pass Development (ဦးဆောင် ဒီဇိုင်း ဗိသုကာပုံဆွဲပညာရှင်) ဂျိမ်းစ်ဟေတွန်က ပြောပါ တယ်။

“ မြန်မာပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံလုပ်စေချင်တယ်။ အဲဒီလိုမျိုး လုပ်ခြင်းအားဖြင့် ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေ နည်းပညာနဲ့ သယ်ယူပို့ဆောင်ရေး လုပ်တဲ့ဟာတွေ အဆင်ပြေလာမယ်ဆိုရင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံနိုင်မယ့် လုပ်ငန်းကဏ္ဍအလိုက် တင်ပြခဲ့ပြီး ပြည်တွင်း ပြည်ပမှ စီးပွားရေးပညာရှင်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ စက်မှုကဏ္ဍမှာ လုပ်ငန်း ၂ ခု နဲ့ စွမ်းအင်ကဏ္ဍမှာ ၁ ခု ရှိပြီး အမေရိကန်ဒေါ်လာ စုစုပေါင်း ၂၂၃ သန်းကျော် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားပါတယ်။

တိုင်းနဲ့ ပြည်နယ်ကြီး ၁၄ ခုမှာ ကရင်ပြည်နယ်ဟာ အဆင့် ၁၂ မှာရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ စက်မှုလုပ်ငန်း ၁ ခု၊ ဆောက်လုပ်ရေးလုပ်ငန်း ၂ ခု၊ သတ္တု တူးဖော်ရေးလုပ်ငန်း ၃ ခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၁ ခု၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း ၁ ခုနဲ့ စက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်း ၁ ခု ရှိပြီး ကျပ်သန်းပေါင်း ၁၃၆ သန်းကျော် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားတယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်​ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013