DVB Logo
Home
မြန်မာသတင်း
ခေတ်သမိုင်းကိုတည်ဆောက်ရာတွင် ကရင်တိုင်းရင်းသားများအရေးပါသည့်ကဏ္ဍမှာပါဝင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
December 18, 2017
ခေတ်သမိုင်းကိုတည်ဆောက်ရာတွင် ကရင်တိုင်းရင်းသားများအရေးပါသည့်ကဏ္ဍမှာပါဝင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
1 / 8
Donate to DVB

 

ခေတ် သမိုင်းကို တည်ဆောက်ရာမှာ ကရင်တိုင်းရင်းသားတွေရဲ့ ကောင်းမြတ်သော အင်အားတွေဟာ အရေးပါတဲ့ ကဏ္ဍက ပါဝင်ထောက်ပံ့မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။

၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ဒီကနေ့  မြန်မာနိုင်ငံအနှံ့ ကျင်းပနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသား နှစ်သစ်ကူး သဝဏ်လွှာကိုပေးပို့ခဲ့တာပါ။

ကရင်နှစ်သစ်ကူး ကောက်သစ်စားပွဲအခါသမယမှာ မိသားစုအားလုံးစုံစုံညီညီ ပြန်လည် စုံတွေ့နိုင်ဖို့ကြိုးစားတဲ့နည်းတူ ယခုအခါ ပြည်ထောင်စုအတွင်း ညီအကိုသားချင်း အားလုံး စည်းလုံးညီညွတ်စွာနဲ့ အေးအတူပူအမျှမိသားစုစိတ်ဓာတ်နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နှစ်သစ်ကူးပွဲတော်တွေဟာ အတိတ်ကဖြစ်ရပ်တွေကို သတိရ၊ ဆင်ခြင်သုံးသပ်ဖို့ အချိန်အခါနဲ့ အနာဂတ်အတွက် ရည်မှန်းချက်တွေ တည်ဆောက်ဖို့ အချိန်အခါ ဖြစ်တယ် ကရင်အမျိုးသားနှစ်သစ်ကူးမှာ ပြည်ထောင်စုသားအားလုံး အဟောင်းထက် သာလွန်ကောင်းမွန်သော အသစ်တွေ ဖန်တီးဖြစ်မြောက်နိုင်ကြပါစေလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းပေးထားပါတယ်။

ကရင်တိုင်းရင်းသားအများအပြားနေထိုင်ရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းတွေမှာ နှစ်သစ်ကူးပွဲတွေကျင်းပခဲ့သလို  ဧရာဝတီတိုင်းဒေသကြီးမှာတော့ မနက် ၆ နာရီမှာ အလံတင်အခမ်းအနားနဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်မန်းဂျော်နီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပေးပို့တဲ့ သဝဏ်လွှာကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါမိုးမြတ်မြတ်သူက ဖတ်ကြားခဲ့ပါတယ်

ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်တိုင်းရင်းသားတွေ နှစ်စဉ်အလေးအမြတ် ဂုဏ်ယူတန်ဖိုးထားကျင်းပလေ့ရှိတဲ့  ကရင်အမျိုးသားနှစ်သစ်ကူး မင်္ဂလာနေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ကရင်တိုင်းရင်းသားတွေ ကောက်သစ်ပေါ်ချိန်မှာ ကောက်သစ် စားပွဲတွေကို ပျော်ပျော်ပါးပါး ကျင်းပခဲ့ရာမှ  ကရင်နှစ်သစ်ကူးပွဲတော်  ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013