DVB Logo
Home
မြန်မာသတင်း
ပလိပ်ပန်ဒါချည်မျှင်အထည်စက်ရုံအလုပ်သမားများ ဆိုင်ကယ်အစီး ၁၂၀ကျော်ဖြင့်ဆန္ဒပြ
DVB
·
December 17, 2017
ပလိပ်ပန်ဒါချည်မျှင်အထည်စက်ရုံအလုပ်သမားများ ဆိုင်ကယ်အစီး ၁၂၀ကျော်ဖြင့်ဆန္ဒပြ
1 / 6
Donate to DVB

 

မန္တ​လေးတိုင်း​ဒေသကြီး ပလိပ်​ပန်​ဒါချည်​မျှင်​အထည်​စက်ရုံက အလုပ်​သမား ၂၀၀ ​ကျော်​ဟာ ဒီနေ့ မနက်ပိုင်းက ပလိပ်​ပန်​ဒါချည်​မျှင်​အထည်​စက်​ရုံမှ မဟာ​အောင်​​မြေမြို့နယ်​ ပြည်​သူ့ဟစ်​တိုင်​ကွင်းအထိ ဆိုင်​ကယ်​အစီး ၁၂၀ ​ကျော်​နဲ့ ဆန္ဒပြခဲ့ကြပါတယ်​။

ပန်​ဒါချည်​မျှင်​စက်ရုံက အလုပ်​​သမားတွေဟာ ၈ လကြာသပိတ်​တိုက်ပွဲဆင်​နွှဲခဲ့ကြပြီး အလုပ်​သမားဝန်​ကြီးဌာနက အချက်​ ၂၈ ချက်ပါ အလုပ်​ရှင်​အလုပ်​သမား နှစ်​ဦးသ​ဘောတူစာချုပ်​ ချုပ်​ဆိုခဲ့​ကြ​တာပါ။

ဒါပေမယ့်အလုပ်​ရှင်​ဘက်​က စာချုပ်​ချိုး​ဖောက်​ပြီး အလုပ်​ရပ်​နားထားတဲ့ အလုပ်​သမား အမှုဆောင်​ ၂ ဦးကို အမြန်​ဆုံး ​ပြန်​လည်​ခန့်​ထား​ပေးဖို့​ ချုပ်​ဆိုထားတဲ့စာချုပ်​ကို အ​ကောင်​ထည်​​ ဖော်ပေးဖို့​နဲ့ အလုပ်​သမားဥပ​ဒေစိုးမိုးဖို့ ​စတဲ့ အချက်​ (၆) ချက်​​တောင်းဆိုခဲ့ကြတာပါ။

ပန်​ဒါစက်​ရုံအလုပ်​အမှုဆောင်​ မဇာခြည်​ဝင်းက “အလုပ်​သမားဝန်​ကြီးဌာနအ​နေနဲ့ စာချုပ် ​ချိုး​ဖောက်​တဲ့ အလုပ်​ရှင်​ကို ထိထိ​ရောက်​​ရောက် ​အ​ရေးမယူတာကို အလုပ်​သမား ၂၀၀ ​ကျော်က မ​ကျေမနပ်​ဖြစ်​တဲ့အတွက် ဆန္ဒပြရတာ ဖြစ်​တယ်”​လို့​ ပြောပါတယ်​။

လွှဲ​ပြောင်းခံ နိုင်​ငံဝန်​ထမ်း​ဟောင်းများ ဘဝအာမခံချက်​ရရှိ​ရေး၊ ၂၈ ချက်​ပါ သ​ဘောတူညီ ချက်​ စာချုပ်​ကို အပြည့်အဝအ​ကောင်​အထည်​​ဖော်​​ပေး​ရေး၊ အလုပ်အမှုဆောင် ၂ ဦးကို ပြန်​လည်​ခန့်​ထား​ပေး​ရေး၊ အလုပ်​သမားဥပ​ဒေစိုးမိုး​ရေး၊ ဥပ​ဒေအထက်ရှိ အလုပ်​ရှင်​များ အလိုမရှိ၊ အလုပ်​သမားအ​ရေးဝင်​​ရောက်​​ဆောင်​ရွက် ​မ​ပေး​သောလူကြီးများ အလိုမရှိ စတဲ့​ကြွေး​ကျော်​သံတွေနဲ့အတူ ပလိပ်​ပန်​ဒါချည်မျှင်​စက်​ရုံမှ မန္တ​လေးပြည်သူ့ဟစ်​တိုင်​ကွင်းအထိ ဆန္ဒပြခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013