DVB Logo
Home
မြန်မာသတင်း
စိတ်ကျန်းမာရေးချို့တဲ့သူ ညီဝမ်းကွဲက ဓားဖြင့်ခုတ်သဖြင့် အစ်ကိုဖြစ်သူကခုခံရာမှ ညီဝမ်းကွဲသေဆုံး
DVB
·
December 17, 2017
စိတ်ကျန်းမာရေးချို့တဲ့သူ ညီဝမ်းကွဲက ဓားဖြင့်ခုတ်သဖြင့် အစ်ကိုဖြစ်သူကခုခံရာမှ ညီဝမ်းကွဲသေဆုံး
Donate to DVB

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စိတ်ကျန်းမာရေးချို့တဲ့သူ ညီဝမ်းကွဲက ဓားနဲ့ ခုတ်လို့  အစ်ကိုဖြစ်သူကခုခံရာက  ညီဝမ်းကွဲသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့  ပေါင်မြို့မရဲစခန်းက သိရပါတယ်။

ကျောက်ရေတွင်းရွာနေ ဒေါ်နှစ်ထပ်ကြည်(၅၀)နှစ်ဟာ တူတော်စပ်သူ နိုင်ကြီး(ခ)သက်နိုင်ဝင်း ၃၃ နှစ်ရဲ့နေအိမ်ခြံဝင်းအတွင်း ဒီဇင်ဘာ ၁၆ရက်၊ ညနေ ၆နာရီက တောင်ထန်းဖက်တံတွေကို ဓားနဲ့ခွဲစိတ်နေစဉ် သားဖြစ်သူ ၀ါဆို(ခ)စောအောင်အောင် (စိတ် ကျန်းမာရေးမကောင်းသူ) ရောက်ရှိလာခဲ့တာပါ။

သားဖြစ်သူ ၀ါဆိုက မိခင်ဖြစ်သူကို ဆဲဆိုအော်ဟစ်နေရာမှ အနီးရှိ ဖက်တံခုတ်တဲ့ ဓားမကို ကောက်ကိုင်ပြီးခုတ်မည်ပြုစဉ် အနီးရှိနေအိမ်ခြံစည်းရိုးတိုင်တွေကို သံတူရွင်းနဲ့ ကြွင်းတူးနေသူ နိုင်ကြီး(ခ)သက်နိုင်ဝင်းက ၀င်ရောက်ဟန့်တားရာ ၀ါဆိုက နိုင်ကြီးကို ဓားမနဲ့ခုတ်ဖို့ကြိုးစားစဉ် နိုင်ကြီးက အသင့်ကိုင်ထားတဲ့ သံတူရွင်းနဲ့ ၀ါဆိုရဲ့ ဦးခေါင်းကိုရိုက်မိခဲ့တာပါ။

ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က “အခုသေဆုံးတဲ့သူက လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ရွာသာကြီးကိုပို့ထားတဲ့သူပါ။ ဟိုကလွတ်လာပြီးရွာကိုပြန်ရောက်တာ ၁ လကျော်ကျော်ဘဲရှိသေးတယ်။ မနေ့တုန်းကသူ့အမေကို သူ့အကိုဝမ်းကွဲအိမ်မှာ ဓားနဲ့လိုက် တာပါ။ သူ့အကိုဝမ်းကွဲကလည်း မိဘကိုအဲ့လိုမလုပ်ရဘူးဆိုပြီး ၀င်တားလို့ သူ့အကိုဝမ်းကွဲကို ဓားနဲ့ခုတ်ဖို့လုပ်တာ သူ့အကိုကလည်း ခြံကာဖို့အတွက်တွင်းတူးနေတဲ့ သံတူရွင်းနဲ့ပြန်ခုခံရင်း သူ့ရဲ့ခေါင်းဘယ်ဘက်ခြမ်းကိုထိမိသွားတာပါ။” လို့ ဒီဗွီဘီကိုပြောပါတယ်။

သံတူရွင်းနဲ့အရိုက်ခံရတဲ့ ၀ါဆို(ခ)စောအောင်အောင်မှာ ဦးခေါင်းဝဲဘက်ခြမ်း ပေါက်ပြဲ ဒဏ်ရာ၊ နှာခေါင်းနဲ့ပါးစပ်မှသွေးထွက်ဒဏ်ရာတွေရရှိခဲ့ကာ အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး အကိုဝမ်းကွဲဖြစ်သူ နိုင်ကြီးမှာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ရဲစခန်းက သိရပါတယ်။

ဝါဆို(ခ)စောအောင်အောင် သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ကြီး(ခ)သက်နိုင်ဝင်းကို ပေါင်မြို့မရဲစခန်းက လူသေဆုံးအောင်ပြုလုပ်မှု ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ နိုင်ကြီး(ခ)သက်နိုင်ဝင်းကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013