DVB Logo
Home
မြန်မာသတင်း
ခင်​ပွန်းအ​ယောင်​​ဆောင်​ကာ အလိုမတူဘဲသားမယားပြုကျင့်မှု ပေါင်မြို့နယ်တွင်ဖြစ်​ပွား
DVB
·
December 17, 2017
ခင်​ပွန်းအ​ယောင်​​ဆောင်​ကာ အလိုမတူဘဲသားမယားပြုကျင့်မှု ပေါင်မြို့နယ်တွင်ဖြစ်​ပွား
Donate to DVB

 

မွန်​ပြည်​နယ်​ ​ပေါင်​မြို့နယ်​ ကတိုက်​​ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက် ၁ နာရီလောက်က ​​နေအိမ်​​မှာ မိသားစုနဲ့အတူ အိပ်​​ပျော်​​နေ​တဲ့အမျိုးသမီးကို ခင်​ပွန်းရဲ့ သူငယ်​ချင်းဖြစ်​သူက ခင်​ပွန်းသည်​အ​ယောင်​​ဆောင်​ကာ အလိုမတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ပေါင်ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “​ယောက်ျားအပြင်​သွား​နေတဲ့အချိန်​ က​လေးငယ် နဲ့အတူ အိပ်​​ပျော်​​နေတဲ့အမျိုးသမီးကို​ သူ့ယောက်ျားသူငယ်​ချင်းက အယောင်ဆောင်ကာ သားမယားပြုကျင့်ခဲ့တဲ့အတွက် ရဲစခန်းမှာ လာ​ရောက်​အမှုဖွင့် တိုင်​တန်းတာပါ။ ပြစ်​မှုကျုးလွန်​ ခဲ့တဲ့သူကိုဖမ်းဆီးပြီး စစ်​​ဆေး​နေပါတယ်​။ သက်​​သေခံပစ္စည်း​တွေလည်း ရရှိထားလို့ အမြန်ဆုံး တရားစွဲဆိုသွားမှာပါ”လို့ ပြောပါတယ်။

ပေါင်မြို့နယ်၊ ကတိုက်​​ကျေးရွာမှာ ​နေထိုင်​တဲ့ အသက်​ ၂၃ နှစ်​အရွယ် အမျိုးသမီးတစ်ဦး ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁ နာရီလောက်က ​ခင်​ပွန်းဖြစ်​သူအပြင်​သို့ သွား​နေစဉ် ​​နေအိမ်​​ပေါ်မှာ ​မိခင်နဲ့အတူ​မောင်​နှမ ၃ဦးမှာ ​နေအိမ်​​ ဘုရားစင်​​ရှေ့မှာ အိပ်နေပြီး အမျိုးသမီးနဲ့ ၈ ​လသားအရွယ် ​သားဖြစ်​သူတို့မှာ ​နေအိမ်​တံခါးမကြီးအနီး အိပ်​​ပျော်​​နေတာပါ။

ဒီအချိန် ​နေအိမ်​​ပေါ်ကို လူတက်​လာသံကြားရပြီး ခင်​ပွန်းသည်ထင်​မှတ်​ကာ ထ​မကြည့်တော့ဘဲ အိပ်​​နေချိန်​မှာ ​အောင်​မင်းထိုက် ​(ခ) မွတ်​တူး (၃၄ နှစ်​)က ခြင်​​ထောင်​တွင်းသို့ ဝင်​​ရောက်ကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့တဲ့အတွက် ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး အောင်မင်းထိုက်(ခ)မွတ်တူးကို ပေါင်မြို့မရဲစခန်းက (ပ)၃၅၃/၂၀၁၇၊ အလိုမတူသားမယားပြုကျင့်မှု ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ-၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013