DVB Logo
Home
မြန်မာသတင်း
မြန်မာတာဝန်ရှိသူ ၁ ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
December 17, 2017
မြန်မာတာဝန်ရှိသူ ၁ ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

 

    မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာတာဝန်ရှိသူ တဦးကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူသွားဖို့ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးပြန်လွတ်ရေးအတွက် အမေရိကန်အစိုးရအနေနဲ့ မြန်မာကိုဖိအားပေးဖို့ရှိမရှိနဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာပိတ်ဆို့ဒဏ်ခတ်မှုတွေထပ်လုပ်ဖို့ စဉ်းစားထားတာမရှိမရှိ  ဒီဇင်ဘာ ၁၅ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ  မေးမြန်းချက်ကို  ဖြေကြားသွားတာဖြစ်ပါတယ်။

အလွန်များပြားတဲ့လူတွေ ရွေ့ပြောင်းထွက်ခွာခဲ့ရတဲ့ သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးကတည်းက အဖြစ်အပျက်တွေအားလုံးရဲ့ အခြေအနေကို ကျနော်တို့ ဆက်လက် ဆန်းစစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တဦးကိုပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့သတ်မှတ်ထားပြီးပြီးဖြစ်သလို တခြားဖြစ်နိုင်ချေရှိသူတွေကိုလည်း ဆန်းစစ်နေပါတယ်”

ဒါပေမယ့် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မယ်သူဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပဲ လာမယ့်သီ တင်းပတ်အစောပိုင်းမှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ဆိုပါတယ်။

ဒါ့အပြင်ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့  မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက တောင်းဆိုထားတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးနဲ့ ဒီမိုကရေစီရှင်သန်ရေးအတွက် သတင်းလွတ်လပ်ခွင့်ဟာ အရေးပါတယ်၊ အမေရိကန်အနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးအောင်မြင်စေချင်တယ်လို့လည်း ၀န်ကြီးတေလာဆန်က ပြောပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၁၂ ခုနှစ်နောက်ပိုင်းက ဖြေလျှော့ခဲ့ပြီးနောက် ဒါဟာ တကျော့ပြန်လုပ်ဆောင်မှုတခုဖြစ်လာမယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-USDOS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013