DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဒလတံတားပြီးပါက ရန်ကုန်အထူးစီးပွားရေးဇုန်ထူထောင်ရန်ပြင်ဆင်နေ
DVB
·
December 17, 2017
ရန်ကုန်-ဒလတံတားပြီးပါက ရန်ကုန်အထူးစီးပွားရေးဇုန်ထူထောင်ရန်ပြင်ဆင်နေ
Donate to DVB

 

ရန်ကုန်-ဒလတံတားတည်ဆောက်ပြီးရင် ရန်ကုန် အထူးစီးပွားရေးဇုန်တခု ထူထောင်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ UMFCCI မှာ လုပ်တဲ့ Challenges for Business Enterprises in 2018ဆွေးနွေးပွဲမှာ ပြောခဲ့တာလို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန်နဲ့ ဒလဘက် တံတားထိုးပြီးရင် အဲဒီဘက်အခြမ်းမှာ ရန်ကုန်အထူး စီးပွားရေးဇုန်တရပ် ထူထောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီအခြေအနေတွေကို ကျနော် ဘာကြောင့် အသိပေးနေတာလဲဆိုရင် လူငယ် စီးပွားရေးလုပ်ငန်းရှင်တွေ ရန်ကုန်ကိုမျှော်မှန်းစေ ချင်တာပါ။ ရန်ကုန်ကိုလာရောက် ရင်းနှီးမြှုပ်နှံသူတွေက ရှေ့ဆက် ဘယ်လို ဆောင်ရွက်ကြရမလဲ ဆိုတဲ့အခြေအနေတွေကိုလည်း သိထားနိုင်ဖို့ လိုမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာ သွားရောက်ရှင်းပြခဲ့ပါသေးတယ်။

ဒါ့အပြင် ရန်ကုန်မြစ်ကို အလယ်မှာထားပြီး မြို့နှစ်ဘက်ကို တိုးချဲ့ဖို့လည်း ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

“ပြုပြင်ထိန်းသိမ်းမှုမရှိခဲ့တဲ့အတွက် မြစ်ကြောင်းဟာ တိမ်တဲ့နေရာတိမ်တယ်။ နက်တဲ့နေရာနက်တယ်။ တချို့နေရာတွေ တအား ကောပါတယ်။ ဒီလို အခြေအနေမျိုးတွေဖြစ်လာတဲ့အတွက် ဒီမြစ်ကြောင်းကို အသုံးချနိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ရန်ကုန်မြစ်ကြီးကို အလယ်ပြုပြီး မြို့နှစ်ဖက်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြို့ရဲ့ဆိပ်ကမ်းတွေ ပင်လယ်ဘက်ကို ရွှေ့နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ မြို့ကို အပြင်ပတ်လမ်းကနေ ကုန်စည် စီးဆင်းနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်”

စက်မှုဇုန်တွေမှာ ပိုင်ဆိုင်သူတွေရှိပြီး ဖြစ်တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလာရင် နေရာပေးစရာမရှိဘူးဖြစ်နေတာကြောင့် စက်မှုဇုန်အသစ်တွေ၊ အထူးစီးပွားရေး ဇုန်တွေ ထူထောင်ဖို့လုပ်နေတာလို့သူက ဆိုပါတယ်။

ရန်ကုန်ကို ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီိး နေချင်စဖွယ် စီးပွားရေးမြို့တော်ဖြစ်အောင် မျှော်မှန်းထားတယ်လို့လည်းရန်ကုန်တိုင်းဝန်ကြီးချုပ်က  ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013