DVB Logo
Home
မြန်မာသတင်း
ကားတာယာအဟောင်းများပေါ်တွင် ကာတွန်းရေးဆွဲထားသည့်အမှိုက်ပုံးများ လှူဒါန်း
DVB
·
December 17, 2017
ကားတာယာအဟောင်းများပေါ်တွင် ကာတွန်းရေးဆွဲထားသည့်အမှိုက်ပုံးများ လှူဒါန်း
Donate to DVB

 

နေပြည်တော် ပျဉ်းမနားမြို့ရဲ့ အများသူငှာလာရောက်အပန်းဖြေတဲ့ မင်္ဂလာရှမ်းကန် ပတ်ဝန်းကျင်မှာ ကားတာယာ အဟောင်းတွေပေါ် ကာတွန်းရေးဆွဲထားတဲ့ အမှိုက်ပုံးတွေကို ဒီဇင်ဘာ ၁၇ ရက်နေ့က စပြီးတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

အမှိုက်ပုံးတွေကို ပြည်သူလူထုထံ အပ်နှံပွဲကို ဒီကနေ့ ၁၇ ရက်နေ့ မနက်ပိုင်းကပဲ မင်္ဂလာရှမ်းကန်၊ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကားတာယာအဟောင်းနဲ့ ပြုလုပ်ထားတဲ့ အမှိုက်ပုံး ၆၀ နဲ့ ဖိုင်ဘာဂလပ်စ် အမှိုက်ပုံး ၁၃ ပုံးကို လှူဒါန်းခဲ့တာပါ။

အဲဒီ အမှိုက်ပုံးတွေကို ပျဉ်းမနားမြို့မှာရှိတဲ့ မျှဝေသောလက်များပရဟိတအသင်းက လှူဒါန်းထားတာဖြစ်ပြီး ကာတွန်းပညာရှင်တွေကလည်း ပါဝင် ကူညီထားတာပါ။

ကားတယာအဟောင်းတွေပေါ်မှာ ကာတွန်းပုံတွေ ရေးဆွဲထားပြီးတော့ ကလေးသူငယ် တွေကအစ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်လာစေဖို့ရည်ရွယ်ပြီး ဆွဲဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကာတွန်းဆရာတွေက နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ မြိုင်ရာဇာ တွတ်ပီ၊ ဗိုက်ကလေး၊ မသေးမျှင်တို့ရဲ့ပုံတွေနဲ့ သစ်သီး သစ်ဥ သစ်ဖုပုံတွေကိုရေးဆွဲထားပါတယ်။

အဲဒါတွေအပြင် တိရိစ္ဆာန်ပုံတွေ၊ Hello Kitty ပုံ၊ ကားပုံ၊ ပစ်တိုင်းထောင်ပုံတွေနဲ့ အခြား ဇာတ်ကောင်တွေရဲ့ ပုံတွေကိုလည်း ကာတွန်းဆရာတွေက ပုံဖော်ရေးဆွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013