DVB Logo
Home
မြန်မာသတင်း
ရထားလမ်းကူးများတွင် ယာဉ်မတော်တဆမှု တနှစ်ထက်တနှစ် ပိုမိုများပြားလာ
DVB
·
December 17, 2017
ရထားလမ်းကူးများတွင် ယာဉ်မတော်တဆမှု တနှစ်ထက်တနှစ် ပိုမိုများပြားလာ
Donate to DVB

ရထားလမ်းနဲ့ ကားလမ်းအဖြတ်တွေမှာရှိတဲ့ ရထားလမ်းကူး (level crossing) တွေမှာ ယာဉ် မတော်တဆမှုတွေ တနှစ်ထက် တနှစ် ပိုမိုများပြားလာတယ်လို့ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက ပြောပါတယ်။

တရားမဝင် ရထားလမ်းကူးတာတွေနဲ့ စည်းကမ်းမလိုက်နာတာတွေကြောင့်  ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေ လျော့နည်းကျဆင်းရေးအတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားရဲ့ ဒီဇင်ဘာ ၁၅ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာလို့ အစိုးရပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တနိုင်ငံလုံးမှာ တရားဝင်မီးရထားလမ်းကူး ၁၆၆၇ ဂိတ်နဲ့၊ တရားမဝင် မီးရထားလမ်းကူး ၂၄၈၅ ဂိတ်ရှိပါကြောင်း၊ စည်းကမ်းမလိုက်နာတာတွေကြောင့် ဒဏ်ရာရ၊ သေဆုံးတာလည်း များပြားလာပါကြောင်းနဲ့  ပြည်သူအားလုံး ကိုယ်စီအသိရှိမှသာ မတော်တဆမှုတွေ ပပျောက်နိုင်မယ်လို့လည်းပြောပါတယ်။

ပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးကလည်း  ရထားနဲ့ ကား၊ ယာဉ် တိုက်မှုအမျိုးမျိုးအခြေအနေ၊  ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးမှု အခြေအနေ၊ စည်းကမ်း မလိုက်နာတာတွေကြောင့် ဒဏ်ရာရ၊ သေဆုံးတဲ့ အခြေအနေတွေနဲ့ ပညာပေးလုပ်ငန်းတွေ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်းပြောသွားပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013