DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ကျောင်းဆရာများအပါ လူ ၅ ဦးကို ဖမ်းဆီး
DVB
·
December 16, 2017
မောင်တောတွင် ကျောင်းဆရာများအပါ လူ ၅ ဦးကို ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ရွာက ကျောင်းဆရာတွေအပါအဝင် လူ ၅ယောက်ကို ခုရက်ပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင်သွားလို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း လက်ထောက်ပညာရေးမှူးတယောက်နဲ့ ကျောင်းအုပ်တယောက် ကို ထပ်ဖမ်းသွားတယ်လို့ အားလုံးပေါင်း ကျောင်းဆရာ လေးယောက်နဲ့ ရွာသားတယောက်ကို ဖမ်းဆီးခံထားရတယ်လို့ဆိုတယ်။

မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က “လက်ထောက်ပညာရေးမှူးတယောက်နဲ့ ကျောင်းအုပ်တယောက်ကို ခေါ်သွားတယ်လို့တော့ သိရတယ်။ ဘာအတွက်လဲ၊ ဘယ်အဖွဲ့ကလည်းတော့ မသိဘူး။ ကျနော်တို့ကိုလည်း အကြောင်းကြားထားတာမရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတယောက်က“မနေ့က လာခေါ်သွားတာ။ ဒီနေ့လည်း လာခေါ်တယ်။ ဘယ်အဖွဲ့ကလည်းတော့ မသိဘူး။ အခုတော့ ရွာက ဆရာ၊ ဆရာမတွေလည်း ဘယ်အချိန် လာဖမ်းမယ်မသိဆိုတော့ စိုးရိမ်နေကြပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တချို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းဌာန က သတင်းထောက်တွေ ရခိုင်မြောက်ပိုင်းကို လာတုန်းက တွေ့ဆုံခဲ့သူတွေဖြစ်တယ်လို့ သိရပေမယ့် ဘာကြောင့်ခေါ်သွားလဲဆိုတာကို မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲမှူး ရဲနိုင်ထွန်းကတော့ “မကြားပါဘူး။ ကျနော်တို့ဆီမှာ မရှိပါဘူး။ ကျနော်တို့ တာဝန်ခံထားတာ မရှိပါဘူး” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထပ်မံသိရဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013