DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် မီးလောင်သည့် အကြိမ်ရေ မနှစ်ကထက်လျော့ကျသွား
DVB
·
December 16, 2017
မန္တလေးတိုင်းတွင် မီးလောင်သည့် အကြိမ်ရေ မနှစ်ကထက်လျော့ကျသွား
Donate to DVB

 

မန္တ​လေးတိုင်း​ဒေသကြီးထဲမှာ  ဒီနှစ်အတွင်းမီးလောင်တဲ့ အကြိမ်ရေနဲ့ ဆုံးရှုံးတဲ့တန်ဖိုးဟာ မနှစ်ကထက် လျော့နည်းသွားတယ်လို့ မန္တ​လေးတိုင်း​၊ ခရိုင်​မီးသတ်​ဦးစီးဌာနမှူး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးသန်းနိုင်​က ​ပြောပါတယ်​။

၂၀၁၆ ခုနှစ်​ ဇန်​နဝါရီလ ၁ ရက်​​ကနေ နိုဝင်​ဘာလ ၃၀ ရက်​​နေ့ အထိ ၁၉၉ ကြိမ် မီးလောင်ခဲ့ပြီး ကျပ်သန်းပေါင်း ၁၂၄၉.၆၇ သန်း ဆုံးရှုံးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်​မှာတော့ ဇန်​နဝါရီလ ၁ ရက်​​က​နေ နိုဝင်​ဘာလ ၃၀ ရက်​​အထိက​ ၁၉၁ ကြိမ်​မီး​လောင်​ခဲ့​ပြီး ကျပ်သန်းပေါင်း ၂၈၂.၃၃၃ သန်းဆုံးရှုံးခဲ့တာပါ။

မန္တ​လေးတိုင်း​ဒေသကြီး ခရိုင်​မီးသတ်​ဦးစီးဌာနမှူး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးသန်းနိုင်​က “အခုလို မီး​လောင်တာ​တွေ​လျော့နည်းပြီး ဆုံးရှုံးမှု တန်​ဖိုးတွေ ကျဆင်းသွား ရတာဟာ ကျ​နော်​တို့မီးသတ်​ တပ်​ဖွဲ့ဝင်​တွေ​ကြောင့်​တင် မဟုတ်​ဘဲ ပြည်​သူလူထု​တွေရဲ့ ပူး​ပေါင်းပါဝင်​လာတဲ့အတွက်​ အခုလို​လျော့နည်းကျဆင်းလာရတာလည်း ဖြစ်​ပါတယ်​။ ​ရှေ့လာမယ့်ပွင့်​လင်းရာသီမှာ စံချိန်​တင်​​လျော့နည်းသွားဖို့ ကျ​နော်တို့ မန္တ​လေးတိုင်း မီးသတ်​ဌာန အ​နေနဲ့ ပညာ​ပေးလှုံ့​ဆော်​တာတွေနဲ့ ကြိုတင်​ဇာတ်​တိုက်​​လေ့ကျင့်တာ​တွေ ပြုလုပ် ​သွားမှာလည်းဖြစ်​ပါတယ်” လို့ ​ပြောပါတယ်​။

မန္တလေးတိုင်းအတွင်းမှာ မီးသတ်​စခန်း ၇၉ ခု၊ မီးသတ်​ကားအစီး ၁၅၀ နီးပါး၊ သန္ဓေမီးသတ်​ အင်​အား ၅၀၀ လောက်နဲ့ အရံမီးသတ်​အင်​အား ၂ ထောင်ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013