DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းခွင့် ထပ်ကြိုးပမ်းရန် ကြံ့ခိုင်ရေးပါတီဆုံးဖြတ်
DVB
·
December 16, 2017
လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းခွင့် ထပ်ကြိုးပမ်းရန် ကြံ့ခိုင်ရေးပါတီဆုံးဖြတ်
Donate to DVB

 

လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းခွင့် (Right to Recall) ကိစ္စကို ထပ်မံကြိုးပမ်းကြဖို့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါ တယ်။

ဒီဇင်ဘာ ၁၃ နဲ့ ၁၄ ရက်တွေမှာ ကျင်းပတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေမှာ ဖော်ပြထားတာပါ။

လက်ရှိလွှတ်တော်တွင်းမှာ ပါတီအင်အားအရ အဆိုနဲ့ မေးခွန်းတွေရဲ့ အရှုံးအနိုင်ကို ခန့်မှန်းလို့ရပေမယ့် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ဆိုင်းငံ့ထားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ကနေ ရုပ်သိမ်းခွင့်နဲ့ ပတ်သက်ပြီး ထပ်မံကြိုးစားမယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၇ မှာ လွှတ်တော် ကိုယ်စားလှယ်တာဝန်က ပြန်ရုပ်သိမ်းတာနဲ့ ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ ပါရှိထားပြီး ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ဥပဒေကြမ်းအဖြစ်ပဲ ဆွေးနွေးနိုင်ခဲ့ပြီး ဆိုင်းငံ့ထားဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။

အများစုအင်အားနဲ့ တရားမျှတမှုကို မျက်ကွယ်ပြုတာဟာ ပရမ်းပတာ ဒီမိုကရေစီဖြစ်ပြီး ဒါကို ပြည်သူတွေကပဲ ထိန်းကျောင်းနိုင်ရမယ်လို့ ပါတီ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပါတီက ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်စားလှယ် ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ပြီး နိုင်ငံနဲ့ ပြည်သူအတွက် တိတိကျကျ ထိထိရောက်ရောက် ပြောဆိုကြဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံတကာရဲ့ စွက်ဖက်မှုဟာ အရင်အစိုးရတွေ လက်ထက်မှာထက်များနေပြီး ဆုံးဖြတ်ချက်ချသူတွေရဲ့ တုံ့ပြန်ဆောင်ရွက်တာတွေက ပြည်ပစွက်ဖက်တာတွေကို ကာကွယ်ရမယ့် အစား ဖိတ်ခေါ်တာ၊ တရားဝင် အခွင့်အလမ်းပေးတဲ့ သဘောသက်ရောက်နေတာကို တွေ့ရလို့ အချုပ်အခြာ အာဏာဘယ်မှာ ရှိတယ်ဆိုတာကို မေးခွန်းထုတ်ရမလို ဖြစ်နေတယ်လို့ ပါတီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013