DVB Logo
Home
မြန်မာသတင်း
နောက်တွဲပါ ကုန်ကား​များ​ကြောင့်​ ရိုး​ရိုး​ကုန်ကား​များ​ အခက်ကြုံ
DVB
·
April 20, 2012
နောက်တွဲပါ ကုန်ကား​များ​ကြောင့်​ ရိုး​ရိုး​ကုန်ကား​များ​ အခက်ကြုံ
Donate to DVB

နောက်တွဲယာဉ် တပ်ဆင်အသုံး​ပြုတဲ့​ ကုန်ကား​တွေကို ရိုး​ရိုး​ကုန်ကား​တွေက ​ဈေး​နှုန်း​ မယှဉ်နိုင်ဖြစ်ပြီး​ ကုန်အရနည်း​နေတာ​ကြောင့်​ သက်ဆိုင်ရာကို စာတင်ဖို့​ ပြင်ဆင်​နေကြပါတယ်။

အာဆီယံ စံချိန်စံညွန်း​နဲ့​အညီဖြစ်​အောင် တန်ပိုယာဉ်စီမံချက် စတင်ကတည်း​က ကား​ပိုင်ရှင်တိုင်း​လိုလို ​နောက်တွဲတပ်ဆင်ဖို့​ ကြိုး​ပမ်း​နေကြတာလို့​ ကုန်ကား​သမား​တွေက ​ပြောပါတယ်။

နောက်တွဲဟာ ဥပ​ဒေအရဆိုရင် မဖြတ်မ​တောက်နိုင်တဲ့​ပစ္စည်း​တွေ၊​ ကွန်တိန်နာ​တွေ တင်ဖို့​ဖြစ်​ပေမယ့်​ လက်​တွေ့​မှာ ကုန်ပစ္စည်း​အမယ်စုံကို တင်​နေကြတဲ့​အတွက် သယ်ပို့​ခ​ဈေး​မြင့်​လို့​ မယှဉ်နိုင်ဘဲ အခက်အခဲ ကြုံကြရတာလို့​ ​ခြောက်ဘီး​ ကုန်ကား​သမား​တဦး​က ​ပြောပါတယ်။

“​နောက်တွဲကြီး​တွေက သူတို့​ရဲ့​ ဥပ​ဒေအရ ကွန်တိန်နာ​တွေတင်ဖို့​နဲ့​ ဖြတ်လို့​ ​တောက်လို့​မရတဲ့​ စက်ပစ္စည်း​တင်ဖို့​ဆိုပြီး​ ထား​တာ။ အဲဒါကို အကုန်လုံး​ တင်စား​နေကြ​တော့​ ကျ​နော်တို့​ ၆ ဘီး​တို့​၊​ ၁၀ ဘီး​တို့​၊​ ၁၂ ဘီး​တို့​က ​တော်​တော် အထိနာ​နေတယ်။ ၅၅ တန်ရ​တော့​ သူက ကျ​နော်တို့​ထက် ပိုပြီး​ တင်နိုင်တယ်​လေ။ တွဲတတွဲရဲ့​ အ​လေး​ချိန်က ၁၅ တန်ထက် မရှိရဘူး​၊​ ဒီ​ကောင်​တွေက တန် ၄၀ တင်လို့​ရတယ်။ ကျ​နော်တို့​ ၁၂ ဘီး​ တစီး​က တင်ခွင့်​ပြုထား​တာ ၂၅ တန်။ ကား​က ၁၂ တန် နှုတ်လိုက်ရင် ၁၃ တန်ပဲ တင်လို့​ရတယ်။ ကုန်တပိဿာကို သူက ၃၀ ​လောက်နဲ့​ တင်မယ်ဆိုရင် ကျ​နော်တို့​က ၄၀-၅၀ မှ တင်နိုင်​တော့​တယ်​လေ။ ပုံမှန် ထရပ်ကား​တွေက လုံး​ဝ သူတို့​နဲ့​ ပြိုင်ပြီး​ မ​ပြေး​နိုင်​တော့​ဘူး​။”

လတ်တ​လောမှာ ကုန်ကား​သမား​အများ​စုက ​နောက်တွဲ​တွေ တပ်ဆင်သုံး​စွဲနိုင်​အောင် ကြိုး​ပမ်း​နေကြတယ်လို့​ ဆိုပါတယ်။ ​နောက်တွဲတခုရဲ့​ ကာလ​ပေါက်​ဈေး​ဟာ သိန်း​ ၁၅၀ နီး​ပါး​ရှိပြီး​ တချို့​က ပြည်တွင်း​ဖြစ်လုပ်ကြသလို တရုတ်ဘက်ကလာတဲ့​ ကုန်တွဲ​တွေလည်း​ရှိတယ်လို့​ ဆိုပါတယ်။ ​နောက်တွဲယာဉ်ဟာ ​ပေ ၄၀ ​လောက် အရှည်ရှိတာ​ကြောင့်​ ယာဉ်အန္တရာယ်ကင်း​ရှင်း​ရေး​ အထူး​ဂရုတစိုက်ရှိဖို့​ လို​နေပါတယ်။

တန်ပိုယာဉ်စီမံချက်ကို စတင်တဲ့​ လွန်ခဲ့​တဲ့​ နှစ်ပိုင်း​ကစပြီး​ ကား​တွေကို ကုန်ပိုမို တင်နိုင်​အောင် ကား​ဘော်ဒီ​တွေ ဖြတ်ထုတ်တာ​တွေရှိသလို ​နောက်တွဲယာဉ် သုံး​စွဲမှု တဖြည်း​ဖြည်း​ တွယ်ကျယ်လာတာဖြစ်ပါတယ်။

ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာနက လမ်း​နဲ့​တံတား​ဂိတ်​တွေမှာ ​ငွေအပို​ကောက်ခံတဲ့​ ​လေလံသမား​နှစ်ဦး​ကို အ​ရေး​ယူ​ဆောင်ရွက်ခဲ့​ပြီး​ သတင်း​စာက​နေ ​ကြေညာခဲ့​ပြီး​တဲ့​နောက် လမ်း​တံတား​ဂိတ်​တွေမှာလည်း​ ​ငွေအပို​ကောက်ခံမှု မရှိ​တော့​ဘူး​လို့​ ကုန်တင်ကား​သမား​တွေက ​ပြောပါတယ်။

ဒီလဆန်း​ကစလို့​ ​လောင်စာဆီတင်သွင်း​မှုအ​ပေါ် သွင်း​ကုန်ခွန် ​လျှော့​ပေး​တဲ့​အစီအစဉ် အသက်ဝင်​နေ​ပေမယ့်​ ဒီဇယ်ဆီ​ဈေး​က​တော့​ တဂါလန်ကို ကျပ် ၄၃၀၀ က​နေ မကျ​သေး​ဘဲဖြစ်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013