DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရပြီး အမှောင်ကျနေသဖြင့် အမည်းရောင်လှုပ်ရှားမှုစတင်
DVB
·
December 16, 2017
သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရပြီး အမှောင်ကျနေသဖြင့် အမည်းရောင်လှုပ်ရှားမှုစတင်
Donate to DVB

 

သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရလို့ အမှောင်ကျနေပြီး ဖမ်းဆီးခံ သတင်းထောက်တွေ ပြန်လွတ်မြောက်ရေးအတွက် အမည်းရောင်လှုပ်ရှားမှုကို ဒီနေ့စတင်လိုက်ပြီလို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ကြေညာပါတယ်။

ရိုက်တာသတင်းဌာနက သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးလိုက်တာပါ။

သူတို့ဟာ သူလျှိုတွေ၊ နိုင်ငံတော်အကျိုးစီးပွားဖျက်ဆီးမယ့်သူတွေ မဟုတ်ဘဲ ပြည်သူလူထုကို သတင်းမှန်တင်ပြဖို့ ကျင့်ဝတ်နဲ့ညီတဲ့ သတင်းအလုပ်ကို လုပ်ရင်း မတရားဖမ်းဆီးခံရတာလို့ ကော်မတီက ထုတ်ပြန်ပါတယ်။

ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ခံနေရတာ၊ အမှောင်ကျနေတာ ဖြစ်ပြီး နိုင်ငံတွင်းက သတင်းမီဒီယာလောကကြီးတခုလုံးကို ခြိမ်းခြောက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သတင်းသမားတွေအနေနဲ့ သတင်းလိုက်နေချိန်၊ သတင်းယူချိန်၊ ရုံးတက်ချိန်၊ သတင်းအလုပ်လုပ်ကိုင်နေချိန်တွေမှာ သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရပြီး အမှောင်ကျနေတာကို ဖော်ပြတဲ့အနေနဲ့ သတင်းသမားတွေ လွတ်လာတဲ့အထိ  အမည်းရောင်တွေကို ဝတ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင်သတင်းထောက် ၂ ယောက်လုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့၊ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ သတင်းလွတ်လပ်ခွင့်ပေးဖို့၊ ကျင့်ဝတ်နဲ့အညီ သတင်းရေးသားတာ၊ သတင်းရယူတာတွေကို အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ဥပဒေအမျိုးမျိုးသုံးပြီး ဖမ်းဆီးအရေးယူတာတွေ အားလုံး ချက်ချင်းရပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

နောက်အဆင့်အနေနဲ့ တရားဝင် ကန့်ကွက်ဆန္ဒပြတာ၊ ဆုတောင်းပွဲတွေလုပ်တာနဲ့ ပြည်သူလူထုကို ရှင်းပြတာတွေ ဆက်လုပ်မယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

တတိယအဆင့်အနေနဲ့ကတော့ တောင်းဆိုချက်တွေအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူအင်အားနဲ့ ပူးတွဲ အကောင်အထည်အဖော်မယ်လို့ ဆိုပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ သက်ဆိုင်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေမှာ အမည်းရောင်သင်္ကေတကို သုံးကြဖို့ကိုလည်း ကော်မတီက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013