DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်များတည်ထောင်မည့် နိုင်ငံရေးပါတီအမည်ဆုံးဖြတ်မည်
DVB
·
December 16, 2017
၈၈ မျိုးဆက်များတည်ထောင်မည့် နိုင်ငံရေးပါတီအမည်ဆုံးဖြတ်မည်
Donate to DVB

 

၈၈မျိုးဆက်ကျောင်းသားတွေပါဝင်ဖွဲ့စည်းတည်ထောင်မယ့် နိုင်ငံရေးပါတီရဲ့ နာမည်​ကို​တော့  ၂ရက်ကြာ ​ဆွေး​နွေးမှု​အပြီး ​မနက်​ဖြန်​​မှာ ​ဆုံးဖြတ်​ချက် ချသွားဖို့ရှိနေပါတယ်​။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ပါတီနာမည်ပေးရေးနဲ့ ပါတီမှတ်ပုံတင်ရေး စုံညီအစည်းဝေးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းဝေးမှာ ဦးဆောင်အဖွဲ့ဝင်တွေက ပါတီရဲ့ မူဝါဒအကြမ်းနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာပါ။

နိုင်​ငံ​ရေးအရ​ဆွေး​နွေးတဲ့အခါ အားမနာတမ်း​ဆွေး​နွေးသွားမှ ​ကောင်းမွန်​တဲ့ ​ဆွေး​နွေးမှု ရလဒ်​​တွေ ​ပေါ်​ပေါက်​လာမှာဖြစ်​တယ်​လို့လည်း နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး ဦး​ဆောင်ေ​ကော်​မတီဝင်​ ဦးကိုကိုကြီးက ​ပြောပါတယ်​။

ဒီ​နေ့​ဆွေး​နွေးပွဲကို တိုင်းနဲ့ပြည်​နယ်​ ၉ ခုကတက်​​ရောက်​ခဲ့ကြပြီး၊ အခြားတိုင်းနဲ့ ပြည်​နယ်​အသီးသီးကလည်း ဆက်​သွယ်​​မေးမြန်းမှု​တွေရှိ​နေတယ်​လို့ ဆိုပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013