DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် ATM စက်များထဲမှ ငွေကျပ် သိန်း ၅၇၀ ကျော် ခိုးယူသူကို ဖမ်းဆီး
DVB
·
December 16, 2017
တောင်ကြီးမြို့တွင် ATM စက်များထဲမှ ငွေကျပ် သိန်း ၅၇၀ ကျော် ခိုးယူသူကို ဖမ်းဆီး
Donate to DVB

 

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဧရာဝတီဘဏ်ခွဲ စူဠာမုနိဘုရား​ပေါ်မှာရှိတဲ့  ATM ငွေထုတ်စက်၊ Royal Taunggyi Hotel ATMစက်နဲ့ ညောင်​​ရွှေမြို့ Amazing Hotel ATM စက်​သုံးခုထဲက​ ငွေကျပ် ၅၇၀ သိန်း​ကျော်​ခိုးယူသူကို ဒီဇင်​ဘာ ၁၄ ရက်​​က ဖမ်းမိ​ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ဧရာဝတီဘဏ်ရန်ကုန်ရုံးချုပ်မှ Royal Taunggyi Hotel ATM Terminal 5 စက်ချို့ ယွင်းနေကြောင်း အကြောင်းကြားရာမှ ATM စက်သေတ္တာကို ဘဏ်ခွဲ ၁ သို့ ယူဆောင်စစ်ဆေးပြီး​နောက်​ ငွေတွေပျာက် ဆုံးနေကြောင်းကို သိရှိခဲ့တာပါ။ 

ATM စက်​ထဲ​ငွေခိုးသူဟာ ပြီးခဲ့တဲ့​မေလက အလုပ်​ဖြုတ်​ခံရသူ ဧရာဝတီဘဏ်​ ဝန်​ထမ်း​သောင်း ကိုသီဟနိုင်​ဖြစ်​ပြီး ခိုးယူထား​ငွေနဲ့ဝယ်​ထားတဲ့ကားအပါအဝင် လက်​ကျန်​​ငွေ သိန်း ၅၄၀​ကျော်​ နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က သိရပါတယ်​။

ရှမ်းပြည်နယ် ပြည်နယ်ရဲတပ်​ဖွဲ့ ဒုရဲမှူးစိုးထွန်းဝင်းက “CCTV တွေလည်း ပျောက်ဆုံးနေတဲ့အတွက် Royal Taunggyi Hotelက CCTV နဲ့ကြည့်တဲ့အခါ ခိုးယူသူက ဦးသီဟနိုင်ဆိုသူကိုသိရကြောင်းနဲ့ သူက ဧရာဝတီဘဏ်ခွဲဝန်ထမ်းဟောင်း လက်ထောက် ကြီးကြပ်ရေးမှူး ဖြစ်ပြီး  ​စည်းကမ်းမလိုက်နာလို့ ဘဏ်ကနေ ထုတ်ပယ် ခံထားရသူဖြစ် တယ်”လို့ ပြောပါတယ်​။

ATM စက်​တခုထဲခိုးယူတာမဟုတ်​ဘဲ ​တောင်​ကြီးမြို့ ​ပေါ်နှစ်​ခုနဲ့ ၂၀၁၅ ခုနှစ်​တုန်းက ​ညောင်​​ရွှေမြို့ Amazing Hotel Terminal 4 ​ငွေခိုးယူသူလည်းဖြစ်​ပြီး ATMက လျှို့ဝှက် ​နံပါတ်​တွေ မ​ပြောင်း​သေးတဲ့အတွက်​ ဘဏ်​ဝန်​ထမ်း​ဟောင်းက အလွယ်​တကူခိုးယူ နိုင်​ခဲ့​တာလို့ သိရပါတယ်​။

တရားခံ သီဟနိုင်ကို တောင်ကြီးမြို့မ ရဲစခန်း က (ပ) ၁၀၃၇/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀နဲ့ အမှုဖွင့်အ​ရေးယူ ထားပါတယ်။

သတင်း-ခွန်ရာဇာ၊ ဓာတ်ပုံ- ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013