DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံများကန့်ကွက်
DVB
·
December 16, 2017
ကရင်ပြည်နယ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံများကန့်ကွက်
Donate to DVB

 

ကရင်ပြည်နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ကျေးရွာမှာ တည်ဆောက်မယ့် ၁၂၈၀ မဂ္ဂါဝပ်ထွက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တဲ့အတွက် ကျေးရွာဒေသခံ တွေက ကန့်ကွက်နေကြပါတယ်။

ကျောက်မီးသွေးစက်ရုံဆောက်ဖို့ ကရင်ပြည်နယ်အစိုးရနဲ့ ထိုင်းဂျပန် TTCL ဖက်စပ်ကုမ္ပဏီတို့ ကနဦး ဖြစ်နိုင်ခြေဆန်းစစ်ဖို့ အခုနှစ်အတွင်း MOU လက်မှတ်ရေးထိုးထားပြီး ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်မူ EIA လေ့လာမှုကို စတင်ဆောင်ရွက်နေပေမယ့်ဒေသခံတွေကို အသိပေးတာ မရှိဘူး လို့ ရွာခံတွေကပြောပါတယ်။

ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်မှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိဆောင်ရွက်ဖို့လျာထားတာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစောပြည်သာ က “ကရင်ပြည်နယ်မှာ ပြုလုပ်မယ့်စီမံကိန်းတွေဟာ EIA လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး သတ်မှတ်ချက်မညီရင်အရေးယူမယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ရွာမှာတည်ဆောက်မယ့် ကျောက်မီးသွေး စက်ရုံ စီမံကိန်းနေရာကို ဒီဇင်ဘာ ၁၆ ရက်နေ့က မြန်မာအစိမ်းရောင်ကွန်ရက်ဝင်တွေနဲ့ သတင်းမီဒီယာအဖွဲ့သွားရောက်ခဲ့ပြီး ကွင်းဆင်းလေ့လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013