DVB Logo
Home
မြန်မာသတင်း
အဆောင်နေကျောင်းသားချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ မုံရွာတက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံး
DVB
·
December 16, 2017
အဆောင်နေကျောင်းသားချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ မုံရွာတက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံး
Donate to DVB

 

မုံရွာမြို့ရှိ ပြင်ပ အမျိုးသားဘော်ဒါဆောင်အတွင်းမှာ မနေ့ညက ကျောင်းသားချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာမှ မုံရွာတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောပါတယ်။

စစ်ကိုင်တိုင်းဒေသကြီး မုံရွာမြို့ မြ၀တီရပ်ကွက် သစ္စာလမ်း လမ်းသွယ်အမှတ် (၁၆)ရှိ မိဘမေတ္တာ ပြင်ပ အမျိုးသားဘော်ဒါဆောင်အတွင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ည ၈ နာရီခွဲက ကျောင်းသားချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာက မုံရွာတက္ကသိုလ် ဒုတိယနှစ်သမိုင်း ပညာရပ်ကို တက်ရောက်သင်ကြားနေတဲ့ မောင်ကျော်ဖြိုးလှိုင် (၁၈ နှစ်)ဟာ ဓားဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။

မိဘမေတ္တာ ပြင်ပဘော်ဒါဆောင်ပိုင်ရှင် ဒေါ်လှယဉ်က အဆောင်နေကျောင်းသားတွေ ဆူညံနေတဲ့အတွက် အဆောင်တွင်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ မောင်ကျော်ဖြိုးလှိုင်ရဲ့ လက်ဝဲဘက် ပခုံးကြားနဲ့ ညှပ်ရိုးနေရာမှာ ထိုးသွင်း ဓားဒဏ်ရာ တစ်ချက်ရရှိပြီး သွေးအိုင်ထဲမှာ လဲနေတာကို မြင်တွေ့ရပြီး အဆောင်အတူနေ မင်းခန့်၊ နိုင်ရဲအောင်၊ သန့်ဇင်ဝင်းနဲ့ ကျော်ဖြိုးလှိုင်တို့ ခိုက်ရန်ဖြစ်ပွားပြီး မင်းခန့်မှ ကျော်ဖြိုးလှိုင်ကို စတီးဓားနဲ့ ထိုးလိုက်ကာ ကျန်လူတွေဖြစ်တဲ့ နိုင်ရဲအောင်နဲ့ သန့်ဇင်ဝင်းတို့က လက်သီးနဲ့ ၀ိုင်းထိုးခဲ့ကြောင်း သိရှိရတဲ့အတွက် မုံရွာနယ်မြေ ရဲစခန်းမှာ အဆောင်ပိုင်ရှင် ဒေါ်လှယဉ်က တရားလိုပြု အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၁၁/၂၀၁၇၊ (ပ) ၇၆၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ခဲ့ပြီးနောက် ရဲစခန်းတာဝန်ရှိသူတွေဟာ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မိဘမေတ္တာ ပြင်ပ ဘော်ဒါဆောင်သို့သွားရောက်ပြီး မောင်မင်းခန့် အသက်(၂၂)နှစ် ၊ ဒုတိယနှစ် ပထ၀ီ (မုံရွာ တက္ကသိုလ်)၊ မောင်နိုင်ရဲအောင် တတိယနှစ် သမိုင်း (မုံရွာ တက္ကသိုလ်)နဲ့ မောင်သန့်ဇင်ဝင်း စတုတ္ထနှစ် အင်္ဂလိပ် (မုံရွာတက္ကသိုလ်) တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုတိုးကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013