DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်နှစ်ရှည်ချခံရသည့် အင်းဝအပ်ချုပ်ဆိုင်မိသားစု အယူခံဝင်မည်(ရုပ်သံ)
DVB
·
December 16, 2017
ထောင်ဒဏ်နှစ်ရှည်ချခံရသည့် အင်းဝအပ်ချုပ်ဆိုင်မိသားစု အယူခံဝင်မည်(ရုပ်သံ)
Donate to DVB

ထောင်ဒဏ်တွေနှစ်ရှည်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံရတဲ့ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်တွေက မကျေနပ်လို့ ရန်ကုန်တိုင်းတရားလွှတ်တော်အထိ အယူခံတင်သွင်းသွားမယ်လို့ ပြောပါတယ်။

လူကုန်ကူးမှု၊ ကလေးသူငယ်ဥပဒေ၊ အပြင်းထန်နာကျင်စေမှု၊ မတရားချုပ်နှောင်ထားမှုတွေနဲ့ တရားဆွဲခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုတွေကို ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ အပြီးသတ် အမိန့်ချမှတ်လိုက်တာပါ။

အဓိကကျူးလွန်သူဖြစ်တဲ့ ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနဲ့ သမီးဖြစ်သူ စုမွန်လတ်တို့ကို ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁ လ၊ သမက်ဖြစ်သူ ရာဇာထွန်းကို ထောင်ဒဏ် ၁၃ နှစ် ၁ လနဲ့ သားဖြစ်သူ တင်မင်းလတ်ကိုတော့ ၉ နှစ် ၁ လ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

ရာဇာထွန်းရဲ့မိခင်ဖြစ်သူကတော့ သားဖြစ်သူအတွက် အယူခံတက်သွားမယ်လို့ ပြောပါတယ်။

“အယူခံတက်မယ်။ ကျမကတော့ ကျမသားအတွက်လိုက်မှာပဲ။ ဒါပေမယ့် ကျမသားလေးမှာ အပြစ်မရှိပါဘူး”

အားပေးကူညီတယ်လို့ စွပ်စွဲထားတဲ့ ဆိုင်ပိုင်ရှင်ဦးကိုလတ်နဲ့ သမီးကြီးသီရိလတ်ကိုတော့ ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားတဲ့အတွက် တရားရုံးက အပြီးအပြတ်လွှတ်ပေးလိုက်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ဘက်မှ အကျိုးဆောင် အထက်တန်းရှေ့နေ ဒေါ်နှင်းဆုအောင်က “ရှေ့နေတွေက ပါဝါတွေရုပ်သွားကြတဲ့အပေါ်မှာ အန်ကယ်ဦးကိုလတ် ဒုက္ခရောက် သွားတယ်ထင်ပါတယ်။ ဦးကိုလတ်အမှုကို အမပဲထပ်ပြီး ပေါင်းယူလိုက်တယ်။ အမဆက်ပြီး အဖြစ်နိုင်ဆုံး ကြိုးစားပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့လူတွေ လွတ်သွားတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်။ ကျန်တဲ့လူ ၄ ယောက်အတွက်လည်း ဒီလောက်ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားဘဲနဲ့ အများကြီးကျလာတဲ့အတွက် စိတ်တော့ အတော်မကောင်းဖြစ်မိတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ဒီအမှုက စဖြစ်ကတည်းက သက်ဆိုင်ရာသက်ဆိုင်ရာတွေအပေါ်မှာ နစ်နာကြေးယူထားပြီးသားပါ” လို့ ပြောပါတယ်။

အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးနှစ်ဦးကို လုပ်ခလစာမပေးတာတွေနဲ့ ကိုယ်ခန္ဓာချို့ယွင်းတဲ့အထိ နှိပ်စက်ခဲ့တာတွေအတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ စွဲချက်တင်ခဲ့တာပါ။

ဒီအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးချိန်းပေါင်း ၈၀ လောက် တရားရင်ဆိုင်စစ်ဆေးခဲ့ပြီး တနှစ်ကျော်လောက်အကြာမှာ အပြီးသတ်အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013