DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 15, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၈၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၅၄,၀၀၀ ကနေ ၅၆,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ မတ်ပဲ ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပြီးတော့ မန္တလေးကုန်စည်ဒိုင်မှတော့ ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၄,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၁ အိတ်ကို ၃၆,၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၁ အိတ်ကို ၃၄,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်က ၁ အိတ်ကို ၁၀၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ နှမ်းနက် အများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကိ ၁၀၃,၅၀၀ ကနေ ၁၁၇,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ငွေကျပ် ၉,၀၀၀ နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
နှမ်းအများဆုံးဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုက ၁ တင်းကို ၃၄,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ငွေကျပ် ၃၄,၆၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ တင်းကို ၁၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲလုံးဖြူကြီး
မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဖြူကြီးက ၁ တင်းကို ၂၉,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ကုလားပဲ အများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ငွေကျပ် ၂၉,၅၀၀ ပေါက်ဈေး ရှိပါတယ်။ ၁ တင်းကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မုံရွာကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၉၀ ကျပ်ကနေ ငွေကျပ် ၁,၈၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ ပိဿာကို ၁,၇၄၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မုံရွာနဲ့ မန္တလေးကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြခဲ့တဲ့ သီးနှံဈေးနှုန်းတွေထဲကမှာ မတ်ပဲ၊ ပဲစင်းငုံ ဒီတပတ်မှာ ဈေးတက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် ၁ ပတ်အတွင်း ၁ အိတ်ကို ၆,၀၀၀ ကျပ်နီးပါး ဈေးတက်ခဲ့ပါတယ်။ မတ်ပဲ၊ ပဲစင်းငုံရော ပြည်တွင်းဈေးကွက်မှာသာကမပဲ ပြည်ပဈေးကွက်မှာပါ ဈေးက တက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မတ်ပဲအသစ်တွေ စတင် ဝင်ရောက်လာခဲ့တဲ့အတွက် အဟောင်းဈေးတွေ တက်လာခဲ့တာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

မတ်ပဲနဲ့ ပဲစင်းငုံက ရန်ကုန် မန္တလေးမှာတင် မဟုတ်ဘဲ မုံရွာ ကုန်စည်ဒိုင်၊ ပြည်ကုန်စည်ဒိုင်တို့မှာလည်း ၁ တင်းကို ၂,၀၀၀ ကျပ်နီးပါး ဈေးတက်ခဲ့ပါတယ်။

နောက်ထပ်သီးနှံတခုကတော့ ကုလားပဲ ဖြစ်ပါတယ်။ တပတ်အတွင်း ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျ အပြောင်းအလဲ များစွာ ရှိနေပြီး လက်ရှိမှာတော့ အကျဈေးနဲ့ ရှိနေပါတယ်။ ပြည်ပ ဝယ်လက်မရှိတဲ့အပြင် အနယ်နယ်အရပ်ရပ်က ကုန်စည်ဒိုင်တွေမှာပါ ဈေးက ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ တပတ်အတွင်း ၁ ပိဿာကို ၅၀၀ ကျပ်ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013