DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဘဏ်အချို့တွင် ကျပ် ၁၀၀၀၀ နှင့် ၅၀၀၀ တန် ငွေစက္ကူအတုများ တွေ့ရှိအပ်နှံ
DVB
·
December 15, 2017
ရန်ကုန်ဘဏ်အချို့တွင် ကျပ် ၁၀၀၀၀ နှင့် ၅၀၀၀ တန် ငွေစက္ကူအတုများ တွေ့ရှိအပ်နှံ
Donate to DVB

ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိကဘဏ်တချို့မှာ လာရောက်အပ်နှံထားတဲ့ ငွေတွေထဲကနေ ကျပ် ၁၀,၀၀၀ တန်နဲ့ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေ တွေ့လို့ ရဲစခန်းကို အပ်နှံလိုက်ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (ကျောက်မြောင်းဈေး)မှာ  တာမွေမြို့နယ်နေသူ ၁၂၁ ဦး လာရောက်အပ်နှံတဲ့ ငွေထဲကနေ ငွေစက္ကူအတုလို့ ယူဆရတဲ့ ၁၀,၀၀၀ ကျပ်တန် အရွက် ၁၃၀၊ ၅,၀၀၀ ကျပ်တန် ၃၈ ရွက်နဲ့ ၁,၀၀၀ ကျပ်တန် ၁ ရွက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ ဒေါ်အိဖြူဆွေ ဆိုသူ လာရောက်အပ်နှံတဲ့ ငွေထဲကနေ  ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁ ရွက် တွေ့ရှိခဲ့ပါတယ်။

အခုနှစ် ဇွန်လ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၄ ရက်အတွင်း အဲဒီငွေတွေကို လာရောက်အပ်နှံခဲ့ကြတာ ဖြစ်ပြီး ငွေစက္ကူအတုတွေကို သက်ဆိုင်ရာ ရဲစခန်းတွေထံ အပ်နှံခဲ့ပါတယ်။

Photo : Ministry of Home Affairs, Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013