DVB Logo
Home
မြန်မာသတင်း
ကနီ-မင်းကင်းလမ်းဖောက်ရာမှ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးပေးမည်
DVB
·
December 15, 2017
ကနီ-မင်းကင်းလမ်းဖောက်ရာမှ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးပေးမည်
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှ မင်းကင်းမြို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းပိုင်း ၃၈ မိုင်မှာ လမ်းဖောက်စဉ်က ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက် တောင်သူတွေထံ နစ်နာကြေးပေးသွားမယ်လို့ သိရပါတယ်။

လမ်းဖောက်လုပ်စဉ်က တောင်သူပိုင်လယ်ယာမြေ ဧကပေါင်း ၁၄၀ ကျော်ဆုံးရှုံးလိုက်ရပြီး အဲဒီအတွက် လယ်တစ်ဧကကို ၁၂ သိန်းနဲ့ ယာတစ်ဧကကို ၆ သိန်းနှုန်းနဲ့ တိုင်းဒေသကြီး အစိုးရထံတင်ပြရာ လာမယ့် ဇန်နဝါရီလထဲမှာ နစ်နာကြေးကို အပြီးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက  “အရင်က ဒီလမ်းက ဂျင်းမြေနဲ့ဖောက်ထားတဲ့ အူကြောင်းလမ်းပေါ့။ မိုးရွာရင် သွားလို့ သိပ်မကောင်းဘူး။ အခုကတ္တရာလမ်းလုပ်နေပါတယ်။ ဘတ်ဂျက်အနေထားအရ တစ်နှစ်ကို ၁ မိုင်နှုန်းလောက်နဲ့ ဖောက်နေရတယ်။ အခု လယ်ယာမြေကိစ္စ တောင်သူတွေတင်ပြလာတော့ ကျနော်ကွင်းဆင်းပြီး စာရင်းတွေလိုက်ကောက်ခံပါတယ်။ ဒါတွေကို အားလုံးတင်ပြတော့ ဇန်နဝါရီလအတွင်းမှ အပြီးပေးအပ်သွားဖို့ ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူထားပါတယ်" လို့ ပြောပါတယ်။

ယခု ဖောက်လုပ်နေတဲ့လမ်းဟာ အရှည် ၃၈ မိုင်ရှိပြီး ဝဲ-ယာ အကျယ် ပေ ၁၅၀ ရှိ လမ်း ဖြစ်ပြီး ၂၀၁၄ -၂၀၁၅ ခုနှစ်အတွင်းက စတင်ဖောက်လုပ်နေတာဖြစ်ပါတယ်။

လမ်းဖောက်ရာမှာ လယ်ယာမြေဆုံးရှုံးသွားတဲ့ ကျေးရွာတွေကတော့ ကင်းရွာ၊ အထက်ကင်းရွာ၊ မိချောင်းတွင်းရွာ၊ နံစုရွာ၊ ရေသာရွာသစ်နဲ့ ရေသာရွာမ ကျေးရွာတွေဖြစ်ပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013