DVB Logo
Home
မြန်မာသတင်း
အဖွားဖြစ်သူရဲ့ရိုက်နှက်မှုကြောင့် ၄ နှစ်အရွယ် မြေးသေဆုံး
DVB
·
December 15, 2017
အဖွားဖြစ်သူရဲ့ရိုက်နှက်မှုကြောင့် ၄ နှစ်အရွယ် မြေးသေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ပုလုံးတုံးတုံးကျေးရွာမှာ အသက် ၃၇ နှစ်အရွယ် အဖွားဖြစ်သူက ၄ နှစ်အရွယ်မြေးငယ်ကို ရိုက်နှက်ခဲ့ရာမှာ ရတဲ့ဒဏ်ရာတွေကြောင့် ကလေးငယ် သေဆုံးသွားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်မနက်က အဖွားဖြစ်သူ ဒေါ်သန်းသန်းနွယ်က မြေးဖြစ်သူ မဆောင်းဇာဝင်းကိုနေအိမ်မှာ တံမြက်စည်းရိုးနဲ့ ရိုက်နှက်ကန်ကြောက်သလို အိမ်ပေါ်ကပါပြစ်ချခဲ့လို့ ကလေးငယ်ရဲ့ ဦးခေါင်း၊နဖူး၊မျက်နှာ၊ရင်ဘတ်၊ကျောနဲ့ ခြေထောက်မှာ  ဖူးရောင်ညိုမဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒဏ်ရာရတဲ့ကလေးငယ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကော့သောင်းဆေးရုံကို ပို့ဆောင်ခဲ့သလို ကိုယ်တိုင် တရားလိုပြုပြီး ဒေါ်သန်းသန်းနွယ်ကို ကော့သောင်းရဲစခန်းမှာ မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု ပုဒ်မ-၃၂၅ နဲ့ အမှုဖွင့်ခဲ့ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ကိုဦးက “ကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်တာတွေရပ်စေချင်တာရယ်၊ ပြီးတောာ့ ကလေးသူငယ်တွေကိုယ်တိုင်လည်း ကာကွယ်ပေးချင်တယ်။ ဒါကြောင့် ကျနော်ကစံပြအနေနဲ့ တရားလိုအမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ည ၉ နာရီလောက်မှာ ကလေးငယ် မဆောင်းဇာဝင်းဟာ ဆေးရုံမှာကွယ်လွန်သွားခဲ့တဲ့အတွက် ရဲက ရိုက်နှက်သူ ဒေါ်သန်းသန်းနွယ်ကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့မရဲစခန်းတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013