DVB Logo
Home
မြန်မာသတင်း
Denko ဆီဆိုင်မှ ကားမဲပေါက်သည့် ကံစမ်းမဲလက်မှတ်နှင့်အတူ ယာဉ်မောင်းသူ ပျောက်ဆုံးနေ
DVB
·
December 15, 2017
Denko ဆီဆိုင်မှ ကားမဲပေါက်သည့် ကံစမ်းမဲလက်မှတ်နှင့်အတူ ယာဉ်မောင်းသူ ပျောက်ဆုံးနေ
Donate to DVB

Denko ဆီဆိုင်မှ ကားမဲပေါက်တဲ့ ကံစမ်းမဲလက်မှတ်နဲ့အတူ ယာဉ်မောင်းသူတဦး ထွက်ပြေး ပျောက်ဆုံးနေတယ်လို့ မုံရွာနယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၁၁ ရက်ညနေက  အမှုဖွင့် တိုင်ကြားထားတယ်လို့  ရဲစခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောပါတယ်။

မုံရွာမြို့၊ ကန်သာဦးရပ်ကွက်နေ ဦးဝင်းမြင့်အောင်က သူ့ယာဉ်မောင်းဖြစ်သူ မောင်ဇင်ကိုကိုဝင်းကို Denko ဆီဆိုင်မှ ကားမဲပေါက်တဲ့ ကံစမ်းမဲလက်မှတ်တစောင်နဲ့ ကားမောင်းခ ရရှိငွေ ၁ သိန်း ၂ သောင်းကျပ်တို့ကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ စွပ်စွဲပြီး အမှုဖွင့်တိုက်ကြားထားတာဖြစ်ပါတယ်။

ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်အောင်က Denko ဆီဆိုင်မှာ သူပိုင် ယာဉ်အမှတ် 5L/3245 HYUNDAI STAREX ဆီဖြည့်တဲ့အခါတိုင်း ကံစမ်းမဲလက်မှတ်တွေ ရရှိခဲ့ပြီး အဲဒီ ကံစမ်းမဲ လက်မှတ်တွေကို သူရဲ့ယာဉ်မောင်းဖြစ်သူ မောင်ဇင်ကိုကိုဝင်းကို ယုံကြည် အပ်နှံထားခဲ့ပါတယ်။

အခုလ ၁ ရက်နေ့က Denko ဆီဆိုင် ကံစမ်းမဲက ယာဉ်အမှတ် 5L/3245 ဟာ ကားမဲပေါက်တယ်လို့ အကြောင်းကြားပါတယ်။ ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်အောင်က Denko ဆီဆိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကားမဲပေါက်တာ မှန်ကန်တယ်လို့ သိရပါတယ်။

သူ့ယာဉ်မောင်း မောင်ဇင်ကိုကိုဝင်းကို လိုက်လံရှာဖွေခဲ့ရာမှာ ကန်သာဦးရပ်ကွက်ရှိ မဟူတောင်တန်း ကားဂိတ်မှာ ဦးဝင်းမြင့်အောင် ပိုင်ဆိုင်တဲ့ယာဉ်ကို ရပ်ထားခဲ့ပြီး မောင်ဇင်ကိုကိုဝင်းက ကားမဲပေါက်တဲ့ ကံစမ်းမဲလက်မှတ်နဲ့ ခရီးသည်တင်ခငွေ ၁ သိန်း ၂ သောင်းကျပ်ကို ယူဆောင် ထွက်ပြေးသွားခဲ့လို့ အမှုဖွင့် တိုင်ကြားတာ ဖြစ်ပါတယ်။

အဲဒီအမှုကို မုံရွာနယ်မြေရဲစခန်းက (ပ)၇၅၃/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/ ၄၀၆ အရ ဒုရဲအုပ် အောင်နေစိုးက စစ်ဆေးဆောင်ရွက်နေပါတယ်။

သတင်း - ကိုတိုးကြီး(မုံရွာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013