DVB Logo
Home
မြန်မာသတင်း
စုပေါင်းပိုင်ကွန်ဒိုအဆောက်အအုံဆိုင်ရာ နည်းဥပဒေအတည်ပြု
DVB
·
December 14, 2017
စုပေါင်းပိုင်ကွန်ဒိုအဆောက်အအုံဆိုင်ရာ နည်းဥပဒေအတည်ပြု
Donate to DVB

 

နိုင်ငံခြားသားတွေအနေနဲ့ တည်ထောင်သူအနေနဲ့ရော၊ ပူးတွဲတည်ထောင်သူအနေနဲ့ရော လုပ်ကိုင်လို့ရမယ့် စုပေါင်းပိုင်(CONDOMINIUM))အဆောက်အအုံဆိုင်ရာ နည်းဥပဒေကို အတည်ပြု လိုက်ပါတယ်။

စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာနည်းဥပဒေ မိတ်ဆက်ရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပြီး ဒီအခမ်းအနားမှာ CONDOMINIUM တွေမှာ နိုင်ငံခြားသားတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် မရှိပေမယ့် ပူးတွဲတည်ထောင်သူအနေနဲ့ လုပ်ကိုင်လို့ရတဲ့ အခွင့်အရေးရှိတာကို ထည့်သွင်း ရှင်းလင်းခဲ့တာပါ။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုညွန်ကြားရေးမှူး ဒေါ်မိုးသီတာက “တည်ထောင်သူနဲ့ ပူးတွဲတည်ထောင်သူဆိုတဲ့နေရာမှာတော့ ကွန်ဒိုမီနီယံ တည်ဆောက် ခွင့်အတွက် ဥပဒေအရ တည်ထောင်ခွင့်ပြုမိန့်ပေးတာတွေ လုပ်ငန်းလိုင်စင်ပေးတာတွေလည်း ရှိပါတယ်။ Developer Row အနေနဲ့ နိုင်ငံခြားသားဝင်ခွင့် ရှိ မရှိ ဆိုတဲ့အခါကျတော့ နိုင်ငံခြားသားဟာ တည်ထောင်သူအဖြစ်နဲ့လည်း ရပ်တည်လို့ရပါတယ်။ ပူးတွဲတည်ထောင်သူ အဖြစ်နဲ့လည်း ရပ်တည်လို့ရပါတယ်။ ဒီလိုရပ်တည်လို့ ရဖို့ ဥပဒေမှာတော့ ဖော်ပြထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်၊ အတည်ခွင့်ပြုမိန့်တွေကိုတော့ ယူရ မှာဖြစ်ပါတယ်။ နိုင်ငံခြားသားဆိုရင်တော့” လို့ ပြောပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ ကွန်ဒိုမီနီယံအခန်းဝယ်ယူခွင့်အနေနဲ့ကတော့ အဆောက်အအုံ ရဲ့ ၄၀ ရာခိုင်နှုန်းထက် မပိုတဲ့ အိမ်ခန်းတွေကို ၀ယ်ယူခွင့်ရှိမှာဖြစ်ပြီး အခန်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေကို မြေပိုင်ဆိုင်ခွင့်ပေးဖို့ မပေးဖို့ကတော့ အခုထိ မဆုံးဖြတ်နိုင်သေးတဲ့ အတွက် စုပေါင်းပိုင်အဆောက်အအုံ သက်တမ်းအတွင်းမှာပဲ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ကန့်သတ် ထားတယ်လို့ ဆိုပါတယ်။

စုပေါင်းပိုင်အဆောက်အအုံပိုင်ဆိုင်သူတွေအနေနဲ့ အိမ်ခန်းတွေရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုတော့ ၀ယ်ယူသူတွေထံ ရောင်းချရမှာဖြစ်ပါတယ်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ ပြဌာန်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013