DVB Logo
Home
မြန်မာသတင်း
မုံးကိုးတွင် ရွာသူတဦး ဈေးသွားရင်း မိုင်းနင်းမိပြီး သေဆုံး
DVB
·
December 14, 2017
မုံးကိုးတွင် ရွာသူတဦး ဈေးသွားရင်း မိုင်းနင်းမိပြီး သေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရွာသူ အမျိုးသမီးတဦး ဈေးသွားရင်း လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။

မုံးကိုးမြို့နယ် မန်ဆိုင်းအုပ်စု ခုခူးရွာက အသက် ၄၈ နှစ်ရွယ် မရစ်မာရှန်ဆိုသူ ကချင်အမျိုးသမီးတဦးဟာ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ဖောင်းဆိုင်ရွာဈေးကို သွားစဉ် မိုင်းမိသွားတာလို့ NeT ကချင်လူမှုကူညီရေးအဖွဲ့ဝင် မိုင်းမိုင်က  ဒီဗွီဘီကို ပြောပါတယ်။

“ရွာသားတွေက အကြောင်းကြားလာလို့ သိရတာ။ ကလေး ၃ ယောက်အမေ မရစ်မာရှန်က ဖောင်းဆိုင်ဈေးသွားတော့ လမ်းမှာ အပေါ့ သွားချင်တယ်ဆိုပြီး ချုံထဲသွားတာ။ အဲဒီမှာ မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာရတယ်။ မိုင်းစတွေက ဗိုက်မှာရော၊ ရင်ဘတ်မှာတွေရော ထိသွားတယ်။ အဲဒီနေရာက တရုတ်ပြည်နယ်စပ် ဆိုတော့ အနီးဆုံးဖြစ်တဲ့ တရုတ်ပြည်က မံစီဆေးရုံကို ပို့လိုက်ကြတယ်။ ဒါပေမယ့်  ဒဏ်ရာပြင်းလို့ မနေ့ညနေ ၂ နာရီလောက်က ဆုံးသွားပြီတဲ့။”

အဆိုပါ မိုင်းဟာ ဘယ်သူ့ ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Photo: Helen Ma

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013