DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲကို လွယ်လွယ်သဘောမထားကြရန် ကေအန်ယူခေါင်းဆောင်ပြော
DVB
·
December 14, 2017
နိုင်ငံရေးဆွေးနွေးပွဲကို လွယ်လွယ်သဘောမထားကြရန် ကေအန်ယူခေါင်းဆောင်ပြော
Donate to DVB

 

နှစ်ပေါင်း ၆၀ ကျော်ကြာမှ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို လွယ်လွယ် သဘောမထားကြဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီဇင်ဘာ ၁၄ရက်ကနေ ၁၈ ရက်အထိ လုပ်နေတဲ့ အပစ်ရပ် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး အဖွင့်မှာ ပြောလိုက်တာဖြစ်ပြီး  သေချာပြီး ခိုင်မာတဲ့ဆွေးနွေးချက်တွေ  အားကောင်းတဲ့ပြင်ဆင်မှုတွေ လုပ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရန် ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် နှစ်ပေါင်း ၆၀ ကျော်ကြာ ကြိုးစားခဲ့ရတာဖြစ်လို့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အခွင့်အရေးကို လွယ်လွယ်သဘောမထားကြဘဲ သေချာပြီးခိုင်မာသော ဆွေးနွေးချက်များနဲ့ အားကောင်းတဲ့ ပြင်ဆင်မှုများကို အခြေခံပြီး ငြိမ်းချမ်းသောအနာဂတ်ကို ရရှိနိုင်ရေး ဆွေးနွေးကြရန် မိမိတို့မှာ တာဝန်ရှိတယ်။”

အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့ ၈ ခုရဲ့ ချင်းမိုင် ထိပ်သီးအစည်းအဝေးဟာ ဇန်န၀ါရီမှာ လုပ်မယ့် တတိယအကြိမ် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း လာမယ့် ဇန်န၀ါရီလမှာ ပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြမယ့်  ကဏ္ဍကြီး (၅) ခုဖြစ်တဲ့ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍ တို့ကို အသေးစိတ် ပြန်လည် ဆွေးနွေးသွားမယ်လို့ အပစ်ရပ် NCA-S EAOရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013